YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 2:4-8

၁ ရှင်ပေတရု 2:4-8 JBMLE

လူ​တို့​ပယ်​ထား၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​သော အ​သက်​ကျောက်​မြတ်​တည်း​ဟူ​သော ထို​သ​ခင်​ထံ​သို့ သင်​တို့​သည်​ရောက်၍၊- အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။- ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ရွေး​ချယ်​သော တိုက်​ထောင့်​အ​မြစ်​ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။- သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော သင်​တို့၌​ကား ဘုန်း​အ​သ​ရေ​ရှိ၏။ နား​မ​ထောင်​သော သူ​တို့၌​ကား၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။- နား​မ​ထောင်​ဘဲ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိ​မိ၍ လဲ​သော​သူ​တို့​သည် ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​လည်း ဖြစ်၏။ ထို​အ​မှု​နှင့် တွေ့​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ခန့်​ထား​တော်​မူ​သ​တည်း။