YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 2:11-22

၁ ရှင်ပေတရု 2:11-22 JBMLE

ချစ်​သူ​တို့၊ ဝိ​ညာဉ်​နှင့်​စစ်​ပြိုင်​တတ်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​တို့​ကို ရှောင်​မည်​အ​ကြောင်း၊ ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​သော သင်​တို့​ကို ငါ​တောင်း​ပန်၏။- သာ​သ​နာ​ပ​လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ကြ​သည်​အ​မှု​မှာ၊ ဘု​ရား​သ​ခင်​ကြည့်​ရှု စီ​ရင်​တော်​မူ​သော နေ့​ရက်၌၊ သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို သူ​တို့​သည် ထောက်​ရှု၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့၌ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​နေ​ကြ​လော့။ သ​ခင်​ဘု​ရား၏​မျက်​နှာ​တော်​ကို ထောက်​လျက်၊ အ​ထွတ်​အ​မြတ်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​စေ၊ လူ​ဆိုး​တို့​ကို ဒဏ်​စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​ကောင်း​တို့​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ရှင်​ဘု​ရင်​ခန့်​ထား​သော ဝန်​မင်း​ဖြစ်​စေ၊ လူ​တို့​တွင် စီ​ရင်​ခန့်​ထား​သ​မျှ​သော မင်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​အား​ဖြင့် လူ​မိုက်​တို့၏ မိုက်​မဲ​သော​စ​ကား​ကို ချေ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သို့​သော အ​လို​တော်​ရှိ၏။- လူ​လွတ်​ဖြစ်​သော်​လည်း၊ လွတ်​ခြင်း​အ​ကြောင်း​ဖြင့် မ​ကောင်း​သော​အ​မှု​တို့​ကို ဖုံး​အုပ်​သော​သူ​ကဲ့​သို့ မ​ကျင့်၊ ဘု​ရား​သ​ခင်၏ ကျွန်​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။- ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။ အ​စေ​ခံ​ငယ်​သား​တို့၊ အ​လွန်​ကြောက်​ရွံ့​ခြင်း​နှင့်​တ​ကွ ကိုယ်​သ​ခင်​တို့၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။ သ​ခင်​သည် စိတ်​ကောင်း၍ ဖြည်း​ညင်း​သော​သ​ဘော ရှိ​သည်​ဖြစ်​စေ၊ ကြမ်း​တမ်း​သော​သ​ဘော ရှိ​သည်​ဖြစ်​စေ ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို ထောက်၍၊ မ​တ​ရား​သော​ညှဉ်း​ဆဲ​ခြင်း​ကို နာ​ကျင်​စွာ​ခံ​ရ​လျှင် ကျေး​ဇူး​ရှိ၏။- ကိုယ်​အ​ပြစ်​ကြောင့် ဒဏ်​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ အ​ဘယ်​ချီး​မွမ်း​စ​ရာ​ရှိ​သ​နည်း။ ကောင်း​မွန်​စွာ​ပြု၍ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကျေး​ဇူး​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ထို​သို့​အ​လို​ငှာ သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​ဖြစ်၍၊ ခြေ​တော်​ရာ​ကို လျှောက်​လိုက်​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို​ထား​တော်​မူ​ပြီ။- ထို​သ​ခင်​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ နှုတ်​တော်၌​လည်း မု​သား​ကို​ရှာ​မ​တွေ့၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ ပြန်၍​မ​ကဲ့​ရဲ့။

​၁ ရှင်ပေတရု 2:11-22 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။