YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 1:1-7

၁ ရှင်ပေတရု 1:1-7 JBMLE

ယေ​ရှု​ခ​ရစ်၏​တ​မန်​တော် ငါ​ပေ​တ​ရု​သည်၊ နား​ထောင်​ခြင်း​ကျေး​ဇူး၊ ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​နှင့် ဖျန်း​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့​ရောက်၍၊ ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​နာ​ဂ​တံ​သ​ဉာဏ်​တော်​အ​တိုင်း ရွေး​ကောက်​တော်​မူ​သော သူ​တည်း​ဟူ​သော၊ ပု​န္တု​ပြည်၊ ဂ​လာ​တိ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ အာ​ရှိ​ပြည်၊ ဗိ​သု​နိ​ပြည်၊ အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​သော ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို ကြား​လိုက်​ပါ၏။ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​များ​ပြား​ပါ​စေ​သော။ အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။- ထို​အ​မွေ​တော်​သည်​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​စေ​ခြင်း​ငှာ ပြင်​ဆင်​သော ကယ်​တင်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​သည် စောင့်​ရှောက်​တော်​မူ​သော သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​လျက်​ရှိ​သော အ​မွေ​တည်း။- အ​ရည်​ကျို၍ စုံ​စမ်း​ခြင်း​ကို​ခံ​နိုင်​သော်​လည်း၊ ပျက်​စီး​တတ်​သော ရွှေ​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​ထက်၊ သင်​တို့​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သာ၍ မြတ်​သည်​နှင့်၊ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော် မူ​သော​အ​ခါ အ​ချီး​အ​မွမ်း၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော် အ​လို​ငှာ​ဖြစ်​မည်​အ​ကြောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ကြောင်း​ရှိ​လျှင်၊ သင်​တို့​သည် ယ​ခု​ခ​ဏ​ခံ​ရ၍ ဝမ်း​နည်း​သော်​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျေး​ဇူး​တော်​ကို​ထောက်၍ ရွှင်​လန်း​သော​စိတ် ရှိ​ကြ၏။

​၁ ရှင်ပေတရု 1:1-7 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။