YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 4:29-34

၃ ဓမ္မရာဇဝင် 4:29-34 JBMLE

ဘု​ရား​သ​ခင်​သည် များ​စွာ​သော ဉာဏ်​ပ​ညာ​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ ကျယ်​ဝန်း​သော​နှ​လုံး​ကို​လည်း​ကောင်း ပေး​တော်​မူ​သည်​ဖြစ်၍၊ ပ​ညာ​တော်​သည် အ​ရှေ့​ပြည်​သား​ပ​ညာ​နှင့် အဲ​ဂု​တ္တု​ပြည်​သား​ပ​ညာ​ကို​လွန်​ကဲ၏။ ရှော​လ​မုန်​သည် ဧ​ဇ​ရ​ဟိတ်​အ​မျိုး ဧ​သန်၊ မ​ဟော​လ​သား ဟေ​မန်၊ ခါ​လ​ကော​လ၊ ဒါ​ရ​ဒ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့​ထက်​သာ၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်၌ ကျော်​စော​လေ၏။ စီ​ရင်​တော်​မူ​သော သု​တ္တံ​စ​ကား​သုံး​ထောင်​နှင့် သီ​ချင်း​တစ်​ထောင်​ငါး​ခု​ရှိ၏။ လေ​ဗ​နုန်​အာ​ရဇ်​ပင်​မှ​စ၍ အုတ်​ရိုး​နား​မှာ​ပေါက်​တတ်​သော ဟုဿုပ်​ပင်​တိုင်​အောင် မြွက်​ဆို၏။ သား​မျိုး၊ ငှက်​မျိုး၊ ပိုး​ကောင်​မျိုး၊ ငါး​မျိုး​တို့၏​အ​ကြောင်း​ကို​လည်း မြွက်​ဆို၏။ ရှော​လ​မုန်​မင်း၏ ပ​ညာ​သ​တင်း​ကို​ကြား​သော ရှင်​ဘု​ရင်​အ​မျိုး​မျိုး​စေ​လွှတ်​သော သူ​တို့​သည် ပ​ညာ​စ​ကား​တော်​ကို နား​ထောင်​ခြင်း​ငှာ လာ​ကြ၏။

​၃ ဓမ္မရာဇဝင် 4:29-34 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။