YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 4:20-34

၃ ဓမ္မရာဇဝင် 4:20-34 JBMLE

ထို​ကာ​လ၌၊ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​ပြား၍ စား​သောက်​ပျော်​မွေ့​လျက် နေ​ကြ၏။ ရှော​လ​မုန်​သည်​လည်း မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် တိုင်း​နိုင်​ငံ​လုံး​ကို​အ​စိုး​ရ​သ​ဖြင့်၊ အ​ရပ်​ရပ်​သား​တို့​သည် လက်​ဆောင်​ပ​ဏ္ဏာ​တို့​ကို ဆက်၍၊ ရှော​လ​မုန်​လက်​ထက် ကာ​လ​ပတ်​လုံး မင်း​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။ တစ်​နေ့​တစ်​နေ့​လျှင် နန်း​တော်၌​ကုန်​သော ရိ​က္ခာ​ဟူ​မူ​ကား၊ ဂျုံ​မုန့်​ညက် ကော​ရ​သုံး​ဆယ်၊ မု​ယော​မုန့်​ညက် ကော​ရ​ခြောက်​ဆယ်၊ ဆူ​ဖြိုး​အောင်​ကျွေး​သော နွား​တစ်​ဆယ်၊ ကျက်​စား​ရာ​ထဲ​က နွား​နှစ်​ဆယ်၊ ဆတ်​သ​မင်​ဒ​ရယ်​အ​မျိုး​မျိုး​ကို​မ​ဆို​ဘဲ သိုး​တစ်​ရာ၊ ဆူ​ဖြိုး​အောင်​ကျွေး​သော ငှက်​မျိုး​တည်း။ ရှော​လ​မုန်​သည် မြစ်​ကြီး​အ​နောက်​ဘက်၊ တိ​ဖ​သ​မြို့​မှ​အ​ဇ္ဇာ​မြို့​တိုင်​အောင် ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ စစ်​မှု​စစ်​ရေး​မ​ရှိ။ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး၊ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် အ​သီး​အ​သီး​မိ​မိ​စ​ပျစ်​ပင်၊ မိ​မိ​သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ၏။ ရှော​လ​မုန်​သည်​လည်း၊ ရ​ထား​တော်​များ​နှင့် ဆိုင်​သော မြင်း​တင်း​ကုပ်​လေး​သောင်း၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ဝန်​စာ​ရေး​တို့​သည်​လည်း ရှော​လ​မုန်​မင်း​ကြီး​နှင့် စား​ပွဲ​တော်​သို့ ဝင်​သော​သူ​အ​ပေါင်း​တို့​အ​ဖို့ တစ်​ယောက်​တစ်​လ​စီ စုံ​လင်​စွာ ပြင်​ဆင်​ရ​ကြ၏။ မု​ယော​စ​ပါး​ကို​လည်း​ကောင်း၊ မြင်း​တော်​များ၊ လား​တော်​များ​ဖို့ မြက်​ခြောက်​ကို​လည်း​ကောင်း၊ အ​လှည့်​သင့်​သည်​အ​တိုင်း နေ​ရာ​အ​ရပ်​သို့ ဆောင်​ခဲ့​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် များ​စွာ​သော ဉာဏ်​ပ​ညာ​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ ကျယ်​ဝန်း​သော​နှ​လုံး​ကို​လည်း​ကောင်း ပေး​တော်​မူ​သည်​ဖြစ်၍၊ ပ​ညာ​တော်​သည် အ​ရှေ့​ပြည်​သား​ပ​ညာ​နှင့် အဲ​ဂု​တ္တု​ပြည်​သား​ပ​ညာ​ကို​လွန်​ကဲ၏။ ရှော​လ​မုန်​သည် ဧ​ဇ​ရ​ဟိတ်​အ​မျိုး ဧ​သန်၊ မ​ဟော​လ​သား ဟေ​မန်၊ ခါ​လ​ကော​လ၊ ဒါ​ရ​ဒ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့​ထက်​သာ၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်၌ ကျော်​စော​လေ၏။ စီ​ရင်​တော်​မူ​သော သု​တ္တံ​စ​ကား​သုံး​ထောင်​နှင့် သီ​ချင်း​တစ်​ထောင်​ငါး​ခု​ရှိ၏။ လေ​ဗ​နုန်​အာ​ရဇ်​ပင်​မှ​စ၍ အုတ်​ရိုး​နား​မှာ​ပေါက်​တတ်​သော ဟုဿုပ်​ပင်​တိုင်​အောင် မြွက်​ဆို၏။ သား​မျိုး၊ ငှက်​မျိုး၊ ပိုး​ကောင်​မျိုး၊ ငါး​မျိုး​တို့၏​အ​ကြောင်း​ကို​လည်း မြွက်​ဆို၏။ ရှော​လ​မုန်​မင်း၏ ပ​ညာ​သ​တင်း​ကို​ကြား​သော ရှင်​ဘု​ရင်​အ​မျိုး​မျိုး​စေ​လွှတ်​သော သူ​တို့​သည် ပ​ညာ​စ​ကား​တော်​ကို နား​ထောင်​ခြင်း​ငှာ လာ​ကြ၏။