YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 21:1-19

၃ ဓမ္မရာဇဝင် 21:1-19 JBMLE

ထို​နောက်​မှ ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​ပိုင်​သော​စ​ပျစ်​ဥ​ယျာဉ်​သည် ယေ​ဇ​ရေ​လ​မြို့​တွင်၊ ရှ​မာ​ရိ​မင်း​ကြီး အာ​ဟပ်၏​နန်း​တော်​နား​မှာ​ရှိ​သည်​ဖြစ်၍၊ အာ​ဟပ်​မင်း​က၊ သင့်​စ​ပျစ်​ဥ​ယျာဉ်​သည် နန်း​တော်​နား​မှာ​ရှိ​သော​ကြောင့် ယာ​လုပ်​စ​ရာ​ဖို့​ပေး​ပါ။ သာ၍​ကောင်း​သော ဥ​ယျာဉ်​ကို​ငါ​ပေး​မည်။ သို့​မ​ဟုတ် သင်​အ​လို​ရှိ​လျှင် အ​ဖိုး​ကို​ပေး​မည်​ဟု နာ​ဗုတ်​အား​ဆို​လျှင်၊ နာ​ဗုတ်​က၊ ဘိုး​ဘေး​လက်​မှ အ​မွေ​ခံ​သော​မြေ​ကို ကိုယ်​တော်​အား ပေး​ရ​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု ပြန်​လျှောက်၏။ ဘိုး​ဘေး​မှ အ​မွေ​ခံ​သော​မြေ​ကို မ​ပေး​ရ​ဟု ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​လျှောက်​သော စ​ကား​ကြောင့် အာ​ဟပ်​မင်း​သည်​ညစ်​ညူး​သော​စိတ်​နှင့် ညှိုး​ငယ်​လျက်၊ နန်း​တော်​သို့​သွား၍ အ​စာ​ကို​မ​စား၊ မျက်​နှာ​ကို​လွှဲ၍ သ​လွန်​ပေါ်​မှာ အိပ်​လျက်​နေ၏။ ခင်​ပွန်း​ယေ​ဇ​ဗေ​လ​သည် လာ၍၊ အ​စာ​ကို​မ​စား​နိုင်​အောင် စိတ်​တော်​သည် အ​ဘယ်​ကြောင့် ညှိုး​ငယ်​တော်​မူ​သ​နည်း​ဟု​မေး​လျှင်၊ မင်း​ကြီး​က၊ ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ်​ကို ငါ​ခေါ်၍ သင့်​စ​ပျစ်​ဥ​ယျာဉ်​ကို ရောင်း​ပါ။ သို့​မ​ဟုတ် သင်​အ​လို​ရှိ​လျှင် အ​ခြား​သော​ဥ​ယျာဉ်​ကို ငါ​ပေး​မည်​ဟု​ဆို​သော်၊ ထို​ဥ​ယျာဉ်​ကို ကိုယ်​တော်​အား​မ​ပေး​ရ​ဟု ပြန်​ပြော​သော​ကြောင့် စိတ်​ညှိုး​ငယ်​သည်​ဟု ဆို၏။ ခင်​ပွန်း​ယေ​ဇ​ဗေ​လ​က၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ ထ၍ ရွှင်​လန်း​သော​စိတ်​နှင့် စား​တော်​ခေါ်​ပါ။ ကျွန်​မ​သည် ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ်၏ စ​ပျစ်​ဥ​ယျာဉ်​ကို ဆက်​ပါ​မည်​ဟု​ဆို​သည်​အ​တိုင်း၊ အာ​ဟပ်​မင်း၏ အ​ခွင့်​နှင့်​စာ​ရေး၍ တံ​ဆိပ်​တော်​နှင့်​ခတ်​ပြီး​မှ၊ နာ​ဗုတ်​နေ​ရာ​မြို့၌ သူ​နှင့်​အ​တူ​နေ​သော အ​သက်​ကြီး​သူ​နှ​င့် မှူး​မတ်​များ​ထံ​သို့ ပေး​လိုက်​လေ၏။ စာ​ချက်​ဟူ​မူ​ကား၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြွေး​ကြော်၍၊ နာ​ဗုတ်​ကို လူ​များ​ရှေ့​မှာ မြှောက်​ထား​ကြ​လော့။ သူ့​ရှေ့​မှာ အ​ဓ​မ္မ​လူ​နှစ်​ယောက်​ကို​ထား၍၊ သင်​သည် ဘု​ရား​သ​ခင်​နှင့် ရှင်​ဘု​ရင်​ကို​စွန့်​ပယ်​ပြီ​ဟု သက်​သေ​ခံ​ပါ​လေ​စေ။ သို့​ပြီး​မှ သူ့​ကို​ထုတ်၍ သေ​စေ​ခြင်း​ငှာ ကျောက်​ခဲ​နှင့်​ပစ်​ကြ​လော့​ဟု ပါ​သ​တည်း။ ယေ​ဇ​ဗေ​လ​ပေး​လိုက်​သော စာ၌​ပါ​သည်​အ​တိုင်း၊ နာ​ဗုတ်​နေ​သော​မြို့​သား အ​သက်​ကြီး​သူ​နှင့် မှူး​မတ်​တို့​သည်​ပြု​လျက်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြွေး​ကြော်၍ နာ​ဗုတ်​ကို လူ​များ​ရှေ့​မှာ​မြှောက်​ထား​ကြ၏။ အ​ဓ​မ္မ​လူ​နှစ်​ယောက်​သည်​လာ၍ သူ့​ရှေ့​မှာ​ထိုင်​လျက်၊ နာ​ဗုတ်​သည် ဘု​ရား​သ​ခင်​နှင့်​ရှင်​ဘု​ရင်​ကို စွန့်​ပယ်​ပြီ​ဟု လူ​များ​ရှေ့​တွင် နာ​ဗုတ်​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လျှင်၊ နာ​ဗုတ်​ကို မြို့​ပြင်​သို့​ထုတ်၍ သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ထို​အ​ခါ နာ​ဗုတ်​သည် ကျောက်​ခဲ​နှင့်​ပစ်​ခြင်း​ကို​ခံ​ရ၍ သေ​ပါ​ပြီ​ဟု ယေ​ဇ​ဗေ​လ​ထံ​သို့​စေ​လွှတ်၍ ကြား​လျှောက်​ကြ၏။ ထို​အ​ကြောင်း​ကို ယေ​ဇ​ဗေ​လ​သည်​ကြား​လျှင်၊ ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ် မ​ရောင်း​လို​သော စ​ပျစ်​ဥ​ယျာဉ်​ကို ထ၍ သိမ်း​ယူ​တော်​မူ​ပါ။ နာ​ဗုတ်​အ​သက်​မ​ရှိ၊ သေ​ပါ​ပြီ​ဟု​ဆို၏။ နာ​ဗုတ်​သေ​ကြောင်း​ကို အာ​ဟပ်​သည် ကြား​လျှင်၊ ယေ​ဇ​ရေ​လ​မြို့ သား​နာ​ဗုတ်၏ စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​ခြင်း​ငှာ ထ​သွား၏။ ထို​အ​ခါ တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​က၊ သင်​သည် ရှ​မာ​ရိ​မြို့၌​နေ​သော ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အာ​ဟပ်​ကို ကြို​ဆို​အံ့​သော​ငှာ ထ​သွား​လော့။ သူ​သည်​နာ​ဗုတ်၏​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​ခြင်း​ငှာ​သွား၍ ယ​ခု​ဥ​ယျာဉ်၌​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် လူ​အ​သက်​ကို​သတ်၍ သူ့​ဥ​စ္စာ​ကို သိမ်း​ယူ​ပြီ​လော။ တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ခွေး​တို့​သည် နာ​ဗုတ်​အ​သွေး​ကို လျက်​သော​အ​ရပ်၌ သင့်​အ​သွေး​ကို​ပင်​လျက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။

​၃ ဓမ္မရာဇဝင် 21:1-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။