YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 19:1-8

၃ ဓမ္မရာဇဝင် 19:1-8 JBMLE

ဧ​လိ​ယ​ပြု​သော​အ​မှု​နှင့် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ဓား​နှင့်​ကွပ်​မျက်​သော​အ​မှု​ကို၊ အာ​ဟပ်​သည် ယေ​ဇ​ဗေ​လ​အား အ​ကုန်​အ​စင်​ကြား​ပြော၏။ ယေ​ဇ​ဗေ​လ​က၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​မှ၊ သင့်​အ​သက်​သည် ထို​ပ​ရော​ဖက်​တို့၏ အ​သက်​ကဲ့​သို့ ငါ​မ​ဖြစ်​စေ​လျှင်၊ ဘု​ရား​တို့​သည် ငါ၌​ထို​မျှ​မ​က​ပြု​ပါ​စေ​သော​ဟု တ​မန်​ကို ဧ​လိ​ယ​ထံ​သို့​စေ​လွှတ်၍ ကြား​လိုက်၏။ ထို​အ​ခါ ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့်၊ ထ၍ အ​သက်​လွတ်​အောင် ယု​ဒ​ခ​ရိုင်​ဗေ​ရ​ရှေ​ဘ​မြို့​သို့ သွား၏။ ထို​မြို့၌ ကျွန်​ကို​ထား​ခဲ့၍၊ သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​မှာ အိပ်​ပျော်၏။ ထို​အ​ခါ ကောင်း​ကင်​တ​မန်​က၊ ထ၍​စား​လော့​ဟု သူ့​ကို​တို့​လျက်​ဆို၏။ ဧ​လိ​ယ​သည် မျှော်​ကြည့်​သော​အ​ခါ၊ မီး​နှင့်​ဖုတ်​သော​မုန့်​ပြား​နှင့် ခေါင်း​ရင်း၌ ရေ​ဘူး​ရှိ​သည်​ကို​မြင်၍ စား​သောက်​ပြီး​မှ တစ်​ဖန်​အိပ်​ပျော်၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒု​တိ​ယ​အ​ကြိမ်​လာ၍ သူ့​ကို​တို့​လျက်၊ သွား​ရ​မည့်​ခ​ရီး​သည် အ​လွန်​ဝေး​သော​ကြောင့်၊ ထ၍ စား​ဦး​လော့​ဟု​ဆို​သည် အ​တိုင်း၊ ဧ​လိ​ယ​သည် ထ၍ စား​သောက်​ပြန်၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို အ​မှီ​ပြု​လျက်၊ အ​ရက်​လေး​ဆယ်​ခ​ရီး​သွား၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော ဟော​ရပ်​တောင်​သို့ ရောက်​သ​ဖြင့်၊