YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 18

18
ဧ​လိ​ယ​နှ​င့်​ဗာ​လ​ပ​ရော​ဖက်​များ
1ကာ​လ​အင်​တန်​ကြာ၍ သုံး​နှစ်​စေ့​သော​အ​ခါ၊ ဧ​လိ​ယ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​က၊ သင်​သည် အာ​ဟပ်​မင်း​အား​သွား၍ ကိုယ်​ကို​ပြ​လော့။ ငါ​သည်​လည်း မြေ​ပေါ်​မှာ​မိုး​ရွာ​စေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 2ဧ​လိ​ယ​သည် အာ​ဟပ်​မင်း​အား ကိုယ်​ကို​ပြ​အံ့​သော​ငှာ သွား၏။ ထို​အ​ခါ ရှ​မာ​ရိ​မြို့၌ ပြင်း​စွာ​သော အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​ခြင်း​ဘေး​ရှိ၍၊ 3အာ​ဟပ်​မင်း​သည် နန်း​တော်​အုပ်​ဩ​ဗ​ဒိ​ကို ခေါ်၏။ ထို​ဩ​ဗ​ဒိ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​လွန်​ရို​သေ​သော​သူ​ဖြစ်၏။ 4ယေ​ဇ​ဗေ​လ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တို့​ကို ပယ်​ဖြတ်​သော​အ​ခါ၊ ဩ​ဗ​ဒိ​သည် ပ​ရော​ဖက်​တစ်​ရာ​ကို မြေ​တွင်း​ထဲ​မှာ ငါး​ဆယ်​စီ​ဝှက်​ထား​ပြီး​လျှင်၊ မုန့်​နှင့်​ရေ​ကို​ပေး၍ ကျွေး​လေ၏။ 5အာ​ဟပ်​က​လည်း၊ တစ်​ပြည်​လုံး​သို့​လှည့်​လည်၍ စမ်း​ရေ​တွင်း​များ၊ ချောင်း​များ​ရှိ​ရာ​အ​ရပ်​ရပ်​သို့ သွား​လော့။ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် မ​သေ၊ မြင်း​နှင့်​လား​တို့​သည် အ​သက်​လွတ်​မည်​အ​ကြောင်း၊ မြက်​ပင်​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ဩ​ဗ​ဒိ​အား​ဆို​လျက်၊ 6သူ​တို့​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​အောင်​ဝေ​ဖန်၍၊ အာ​ဟပ်​နှင့် ဩ​ဗ​ဒိ​သည် လမ်း​တ​ခြား​စီ ထွက်​သွား​ကြ၏။ 7ဩ​ဗ​ဒိ​သည် သွား​စဉ်​အ​ခါ၊ ဧ​လိ​ယ​သည် ဆီး၍​ကြို၏။ ဩ​ဗ​ဒိ​သည် ဧ​လိ​ယ​ကို​သိ၍ ပျပ်​ဝပ်​လျက်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​သ​ခင်​ဧ​လိ​ယ မှန်​ပါ​သ​လော​ဟု မေး​လျှင်၊ 8ဧ​လိ​ယ​က ငါ​မှန်၏။ ဧ​လိ​ယ​သည် ဤ​မည်​သော​အ​ရပ်၌​ရှိ​ပါ၏​ဟု သင့်​သ​ခင်​ထံ​သို့​သွား၍ လျှောက်​လော့​ဟု ပြော​ဆို​သော်၊ 9ဩ​ဗ​ဒိ​က​လည်း၊ ကိုယ်​တော်​ကျွန်၏​အ​သက်​ကို သတ်​စေ​ခြင်း​ငှာ အာ​ဟပ်၌​အပ်​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​သို့ ပြစ်​မှား​ဘိ​သ​နည်း။ 10ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​ကို ရှာ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​သ​ခင်​မ​စေ​လွှတ်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ မ​ရှိ​ပါ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​က၊ ဧ​လိ​ယ​မ​ရှိ​ပါ​ဟု လျှောက်​သော​အ​ခါ၊ ကိုယ်​တော်​ကို ရှာ၍​မ​တွေ့​နိုင်​ဟု ထို​တိုင်း​နိုင်​ငံ​သား​တို့​သည် အ​ကျိန်​ကို​ခံ​ရ​ကြ​ပါ၏။ 11ယ​ခု​မူ​ကား၊ ဧ​လိ​ယ​သည် ဤ​မည်​သော​အ​ရပ်၌​ရှိ​ပါ၏​ဟု သင့်​သ​ခင်​ထံ​သို့​သွား၍ လျှောက်​လော့​ဟု မိန့်​တော်​မူ​ပါ​သည်​တ​ကား။ 12အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ ထွက်​သွား၍ အာ​ဟပ်​မင်း​ထံ​မှာ​လျှောက်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် အ​ကျွန်ုပ်​မ​သိ​သော​အ​ရပ်​သို့ ကိုယ်​တော်​ကို ဆောင်​သွား​တော်​မူ​လျှင်၊ အာ​ဟပ်​မင်း​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​သော​အ​ခါ အ​ကျွန်ုပ်​ကို သတ်​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​မူ​ကား၊ အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ရို​သေ​ပါ​ပြီ။ 13ယေ​ဇ​ဗေ​လ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တို့​ကို သတ်​သော​အ​ခါ၊ အ​ကျွန်ုပ်​ပြု​သော​အ​မှု​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တစ်​ရာ​ကို မြေ​တွင်း​ထဲ​မှာ ငါး​ဆယ်​စီ​ဝှက်​ထား​ပြီး​လျှင်၊ မုန့်​နှင့် ရေ​ကို​ပေး၍ ကျွေး​ကြောင်း​ကို အ​ကျွန်ုပ်​သ​ခင် ကြား​တော်​မ​မူ​သ​လော။ 14ယ​ခု​မူ​ကား၊ ဧ​လိ​ယ​သည် ဤ​မည်​သော​အ​ရပ်၌​ရှိ​ပါ၏​ဟု သင့်​သ​ခင်​ထံ​သို့​သွား၍ လျှောက်​လော့​ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်​ဖြစ်၍၊ အာ​ဟပ်​သည် အ​ကျွန်ုပ်​ကို သတ်​ပါ​လိမ့်​မည်​ဟု ပြန်​ဆို၏။ 15ဧ​လိ​ယ​က​လည်း၊ ငါ​ကိုး​ကွယ်​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည် ယ​နေ့​အာ​ဟပ်​မင်း​အား ကိုယ်​ကို​အ​မှန်​ပြ​မည်​ဟု ဆို​ပြန်​သော်၊ 16ဩ​ဗ​ဒိ​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား၍ လျှောက်​သ​ဖြင့်၊ အာ​ဟပ်​သည် ဧ​လိ​ယ​ကို​ကြို​ဆို​အံ့​သော​ငှာ​သွား၍၊ 17တွေ့​မြင်​သော​အ​ခါ၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နှောင့်​ယှက်​သော​သူ​မှန်​သ​လော​ဟု​မေး​လျှင်၊ 18ဧ​လိ​ယ​က၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​မ​နှောင့်​ယှက်၊ သင်​နှင့် သင့်​အ​ဆွေ​အ​မျိုး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တ​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား​တို့​ကို​ဆည်း​ကပ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို နှောင့်​ယှက်​ကြ​ပြီ။ 19သို့​ရာ​တွင် လူ​ကို​ယ​ခု​စေ​လွှတ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက် လေး​ရာ​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ယေ​ဇ​ဗေ​လ​စား​ပွဲ၌​စား​သော အာ​ရှ​ရ​ပ​ရော​ဖက်​လေး​ရာ​ကို​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ငါ့​ထံ​သို့ စု​ဝေး​စေ​လော့​ဟု ဆို​သည်​အ​တိုင်း၊ 20အာ​ဟပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှိ​ရာ​သို့ စေ​လွှတ်၍၊ ပ​ရော​ဖက်​တို့​ကို က​ရ​မေ​လ​တောင်​ပေါ်​မှ စု​ဝေး​စေ၏။
21ဧ​လိ​ယ​သည် လူ​များ​ရှိ​ရာ​သို့​လာ၍၊ သင်​တို့​သည် ဘာ​သာ​နှစ်​ပါး​စပ်​ကြား​မှာ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ယုံ​မှား​သော​စိတ်​နှင့် နေ​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​မှန်​လျှင် ထို​ဘု​ရား​ကို ဆည်း​ကပ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​သ​ခင်​မှန်​လျှင် ထို​ဘု​ရား​ကို ဆည်း​ကပ်​ကြ​လော့​ဟု​ဆို​လျှင်၊ လူ​များ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။ 22တစ်​ဖန် ဧ​လိ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​ကား ငါ​တစ်​ယောက်​တည်း ကျန်​ရစ်၏။ ဗာ​လ၏​ပ​ရော​ဖက်​ကား လေး​ရာ​ငါး​ဆယ် ရှိ​ကြ၏။ 23နွား​နှစ်​ကောင်​ကို​ပေး​ကြ​လော့။ သူ​တို့​သည် တစ်​ကောင်​ကို​ရွေး၍ အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​လျှင် ထင်း​ပေါ်​မှာ တင်​ပါ​လေ​စေ။ မီး​မ​ထည့်​စေ​နှင့်။ ငါ​လည်း နွား​တစ်​ကောင်​ကို​လုပ်၍ ထင်း​ပေါ်​မှာ​တင်​မည်။ မီး​ကို​မ​ထည့်။ 24သင်​တို့​သည် သင်​တို့​ဘု​ရား​များ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ​လော့။ ငါ​လည်း ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဟစ်​ခေါ်​မည်။ မီး​ဖြင့် ထူး​တော်​မူ​သော​ဘု​ရား​သည် ဘု​ရား​သ​ခင်​မှန်​ပါ​စေ​ဟု လူ​များ​တို့​အား ပြော​ဆို​လျှင်၊ လူ​အ​ပေါင်း​တို့​က၊ ဧ​လိ​ယ၏​စ​ကား​သည် လျောက်​ပတ်​ပေ​သည်​ဟု ဆို​ကြ၏။ 25တစ်​ဖန် ဧ​လိ​ယ​က၊ သင်​တို့​သည်​များ​သော​ကြောင့် နွား​တစ်​ကောင်​ကို အ​ရင်​ရွေး၍​လုပ်​ကြ​လော့။ မီး​မ​ထည့်​ဘဲ သင်​တို့​ဘု​ရား​များ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ​လော့​ဟု ဗာ​လ၏​ပ​ရော​ဖက်​တို့​အား ဆို​သည်​အ​တိုင်း၊ 26သူ​တို့​သည် လူ​များ​ပေး​သော​နွား​ကို​ယူ၍ လုပ်​ပြီး​လျှင်၊ အို​ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အား​ထူး​တော်​မူ​ပါ​ဟု နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ဗာ​လ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ၏။ သို့​ရာ​တွင် ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ​လည်း မ​ရှိ။ သူ​တို့​သည် ကိုယ်​တည်​သော ယဇ်​ပ​လ္လင်​ရှေ့​မှာ က​ခုန်​ကြ၏။ 27မွန်း​တည့်​အ​ချိန်၌ ဧ​လိ​ယ​က၊ ကျယ်​သော​အ​သံ​နှင့် ဟစ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​ဖြစ်​တော်​မူ၏။ ဆင်​ခြင်​လျက်​နေ​တော်​မူ၏။ သို့​မ​ဟုတ် တစ်​စုံ​တစ်​ခု​ကို လိုက်၍​ရှာ​တော်​မူ၏။ သို့​မ​ဟုတ် ခ​ရီး​သွား​တော်​မူ၏။ သို့​မ​ဟုတ် ကျိန်း​စက်​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နှိုး​ရ​မည်​ဟု ပြက်​ရယ်​ပြု၍​ဆို၏။ 28သူ​တို့​သည်​လည်း ကျယ်​သော​အ​သံ​နှင့် ဟစ်၍ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ကိုယ်​အ​သွေး​နှင့် ကိုယ်​ကို​လူး​ခြင်း​ငှာ ဓား၊ သံ​စူး​နှင့် ကိုယ်​ကို​ရှ​စေ​ကြ၏။ 29မွန်း​လွဲ၍ ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တိုင်​အောင် ပ​ရော​ဖက်​ပြု​ကြ​သော်​လည်း၊ ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ၊ အ​မှု​ထား​သော​သူ​လည်း မ​ရှိ​သော​အ​ခါ၊ 30ဧ​လိ​ယ​က၊ ငါ့​အ​နီး​သို့​လာ​ကြ​လော့​ဟု လူ​များ​တို့​ကို​ခေါ်​သည်​အ​တိုင်း၊ လူ​အ​ပေါင်း​တို့​သည် အ​နီး​သို့​လာ​ကြ၏။ ထို​အ​ခါ​ဧ​လိ​ယ​သည် ပြို​ပျက်​သော ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ရှင်း​လင်း​ပြီး​မှ၊ 31သင်၏​အ​မည်​ကား ဣ​သ​ရေ​လ​ဖြစ်​ရ​မည်​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ယာ​ကုပ်​သား အ​မျိုး​အ​နွယ် အ​ရေ​အ​တွက်​အ​တိုင်း၊ ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ၍၊#က၊ ၃၂:၂၈၊ ၃၅:၁၀။ 32ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ၊ မျိုး​စေ့​နှစ်​တင်း​လောက်​ဝင်​နိုင်​သော​ကျုံး​ကို ယဇ်​ပ​လ္လင်​ပတ်​လည်၌ တူး​လေ၏။ 33ထင်း​ကို​စီ၍ နွား​ကို​လည်း အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​လျှင် ထင်း​ပေါ်​မှာ​တင်​လေ၏။ 34အိုး​လေး​လုံး​ကို ရေ​နှင့်​အ​ပြည့်​ထည့်၍၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ထင်း​ပေါ်​မှာ​လောင်း​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း သူ​တို့​သည်​လောင်း​ပြီး​မှ၊ တစ်​ဖန် လောင်း​ကြ​ဦး​လော့​ဟု ဆို​သည်​အ​တိုင်း သူ​တို့​သည်​လောင်း​ပြီး​မှ၊ သုံး​ကြိမ်​တိုင်​အောင် လောင်း​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် သုံး​ကြိမ်​တိုင်​အောင် လောင်း​ကြ၏။ 35ရေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်၌​စီး၍ ကျုံး​သည်​လည်း ရေ​နှင့်​ပြည့်​လေ၏။ 36ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ၊ ပ​ရော​ဖက်​ဧ​လိ​ယ​သည် ချဉ်း​လာ၍၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကျွန်​ဖြစ်၍ အ​မိန့်​တော်​အ​တိုင်း ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​ကြ​ပါ​စေ​သော။ 37အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ဤ​လူ​တို့​စိတ်​သ​ဘော​ကို ပြောင်း​လဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​သည် သိ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ နား​ထောင်​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ 38ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​မီး​သည်​ကျ​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ထင်း၊ ကျောက်၊ မြေ​မှုန့်​ကို​လောင်၍ ကျုံး၌​ရှိ​သော​ရေ​ကို​လည်း ခန်း​ခြောက်​စေ၏။ 39လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ပျပ်​ဝပ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ၏။ 40ဧ​လိ​ယ​က​လည်း၊ ဗာ​လ၏​ပ​ရော​ဖက်​တို့​ကို ဖမ်း​ဆီး​ကြ​လော့။ တစ်​ယောက်​ကို​မျှ​မ​လွတ်​စေ​နှင့်​ဟု စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့​ကို ဖမ်း​ဆီး၍ ဧ​လိ​ယ​သည် ကိ​ရှုန်​ချောင်း​သို့ ယူ​သွား​ပြီး​လျှင် ကွပ်​မျက်​လေ၏။
မိုး​ခေါင်​ကာလကုန်​ဆုံး​သွား​ခြင်း
41ထို​နောက်​မှ ဧ​လိ​ယ​က၊ မင်း​ကြီး​သည် စား​သောက်​ခြင်း​ငှာ​တက်​သွား​ပါ​လော့။ များ​စွာ​သော မိုး​ရွာ​မည့်​အ​သံ​ရှိ​သည်​ဟု အာ​ဟပ်​အား​ပြော​ဆို​လျှင်၊ 42အာ​ဟပ်​သည် စား​သောက်​ခြင်း​ငှာ​တက်​သွား၏။ ဧ​လိ​ယ​သည် က​ရ​မေ​လ​တောင်​ပေါ်​သို့​တက်၍၊ မြေ၌​ပျပ်​ဝပ်​လျက် မျက်​နှာ​ကို ဒူး​ကြား​မှာ​ထား​လျက်၊ 43မိ​မိ​ကျွန်​အား သင်​တက်၍ ပင်​လယ်​သို့ ကြည့်​ရှု​လော့​ဟု​ဆို​သည်​အ​တိုင်း၊ ကျွန်​သည်​တက်၍ ကြည့်​ရှု​လျှင်၊ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို၏။ ဧ​လိ​ယ​က၊ ခု​နစ်​ကြိမ်​တိုင်​အောင်​သွား၍ ကြည့်​ရှု​ဦး​လော့​ဟု​ဆို၏။ 44ခု​နစ်​ကြိမ်​မြောက်​သော​အ​ခါ၊ လူ​လက်​နှင့်​တူ​သော မိုး​တိမ်​ငယ်​တစ်​ခု​သည် ပင်​လယ်​ထဲ​က​တက်​ပါ၏​ဟု​ဆို​သော်၊ အာ​ဟပ်​မင်း​ထံ​သို့ သွား​လော့။ မိုး​ရွာ၍ ဆီး​တား​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ မင်း​ကြီး​ပြင်​ဆင်၍ ပြန်​သွား​မည်​အ​ကြောင်း လျှောက်​ထား​လော့​ဟု မှာ​လိုက်​လေ၏။ 45မ​ကြာ​မ​မြင့်​မီ မိုး​ကောင်း​ကင်​သည် မိုး​သက်​မုန်​တိုင်း​နှင့် မည်း၍ ပြင်း​စွာ​မိုး​ရွာ၏။ အာ​ဟပ်​သည် ရ​ထား​စီး၍ ယေ​ဇ​ရေ​လ​မြို့​သို့ သွား၏။#ယာ၊ ၅:၁၈။ 46ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ယ​အ​ပေါ်​မှာ​ရှိ၍၊ သူ​သည် ခါး​ပန်း​ကို​စည်း​လျက် အာ​ဟပ်​မင်း​အ​ရင် ယေ​ဇ​ရ​လ​မြို့​တံ​ခါး​ဝ​သို့​ပြေး​လေ၏။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။