ရှေဘပြည်ကို အစိုးရသောမိဖုရားသည် ရှောလမုန်၏ဂုဏ်အသရေနှင့် ထာဝရဘုရား၏နာမတော်သတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှာလာ၏။ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဖိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုတ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။ ရှေဘမိဖုရားသည် ရှောလမုန်၏ပညာအလုံးစုံကိုလည်းကောင်း၊ တည်ဆောက်သော အိမ်တော်ကိုလည်းကောင်း၊ စားပွဲတော်တန်ဆာကိုလည်းကောင်း၊ အမှုတော်စောင့်တို့ နေရာထိုင်ရာကိုလည်းကောင်း၊ လုလင်တို့ခစားသည် အခြင်းအရာကိုလည်းကောင်း၊ သူတို့ဝတ်သောအဝတ်တန်ဆာကိုလည်းကောင်း၊ ဝန်စာရေးများကိုလည်းကောင်း၊ ထာဝရဘုရား၏အိမ်တော်၌ မီးရှို့ရာယဇ်ပူဇော်ခြင်းကိုလည်းကောင်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊ ကိုယ်တော်၏အခြင်းအရာနှင့် ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သတင်းစကားမှန်ပါ၏။ သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသောစကားသည် တစ်ဝက်ကိုမျှမမီ။ ကိုယ်တော်၏ပညာနှင့် ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသောသတင်းကို လွန်ကဲပါ၏။ ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။ ကိုယ်တော်ကိုနှစ်သက်၍၊ ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အားပြောဆို၍၊
၃ ဓမ္မရာဇဝင် 10 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၃ ဓမ္မရာဇဝင် 10:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ