YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 5:13-17

၁ ရှင်ယောဟန် 5:13-17 JBMLE

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ကိုယ်​တိုင်​ရ​သည်​ဟု သိ​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။- ဆု​တောင်း​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်​တော်​မူ​သည်​ကို ငါ​တို့​သိ​လျှင်၊ အ​ထံ​တော်၌ တောင်း​သော​ဆု​တို့​ကို ရ​မည်​ဟု​သိ​ရ​ကြ၏။- ညီ​အစ်​ကို​ချင်း​သည် သေ​ပြစ်​မ​သင့်​သော​ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မြင်​လျှင်၊ ထို​သူ​သည် ဆု​တောင်း​ရ​မည်။ သေ​ပြစ်​ကို မ​ပြု​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သူ​အား အ​သက်​ကို​ပေး​တော်​မူ​မည်။ သေ​ပြစ်​သင့်​သော ဒု​စ​ရိုက်​ရှိ၏။ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို လွှတ်​စေ​ခြင်း​ငှာ ဆု​တောင်း​ရ​မည်​ဟု ငါ​မ​ဆို။- မ​တ​ရား​သော​အ​မှု​မည်​သည်​ကား ဒု​စ​ရိုက်​ဖြစ်၏။ သို့​သော်​လည်း သေ​ပြစ်​မ​သင့်​သော ဒု​စ​ရိုက်​ရှိ၏။

​၁ ရှင်ယောဟန် 5:13-17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။