YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 4:7-12

၁ ရှင်ယောဟန် 4:7-12 JBMLE

ချစ်​သူ​တို့၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ ချစ်​ချင်း​မေ​တ္တာ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ ချစ်​တတ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​လည်း ဖြစ်၏။- ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။- သား​တော်​အား​ဖြင့် ငါ​တို့​သည် အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​သော သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​အ​ရာ၌၊ ငါ​တို့​ကို ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ထင်​ရှား​လျက်​ရှိ၏။- ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။- ချစ်​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်။- ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ​မ​မြင်​စ​ဖူး။ သို့​သော်​လည်း၊ အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ၍၊ ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ၏။