YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 4:1-11

၁ ရှင်ယောဟန် 4:1-11 JBMLE

ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။- ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​ဘယ်​သို့ သိ​နိုင်​သ​နည်း​ဟူ​မူ​ကား၊ လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ဝန်​ခံ​သော ဝိ​ညာဉ်​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်၏။- လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ဝန်​မ​ခံ​သော​ဝိ​ညာဉ်​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့် မ​စပ်​ဆိုင်။ ထို​သို့​သော​ဝိ​ညာဉ်​ကား၊ သင်​တို့​သည် ကြား​ခဲ့​ပြီး​သည်​အ​တိုင်း ဤ​လော​က​သို့​လာ​မည်​ဖြစ်၍၊ ယ​ခု​ပင် လာ​လျက်​ရှိ​သော အ​န္တိ​ခ​ရစ်၏ ဝိ​ညာဉ်​ဖြစ်၏။- ချစ်​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ထို​သူ​တို့​ကို​လည်း အောင်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ဘက်၌​ရှိ​သော​သူ​သည် လော​က​ဘက်၌​ရှိ​သော​သူ​ထက် သာ၍​ကြီး​တော်​မူ၏။- ထို​သူ​တို့​သည် လော​က​နှင့်​စပ်​ဆိုင်​သော​ကြောင့်၊ လော​ကီ​အ​ကြောင်း​အ​ရာ​ကို ပြော​တတ်​ကြ၏။ လော​ကီ​သား​တို့​သည်​လည်း သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။- ငါ​တို့​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ဘု​ရား​သ​ခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စ​ကား​ကို နား​ထောင်​တတ်၏။ ဘု​ရား​သ​ခင်​နှင့် မ​စပ်​ဆိုင်​သော​သူ​သည် ငါ​တို့​စ​ကား​ကို နား​မ​ထောင်​တတ်။ ထို​အ​ရာ​ကို ငါ​တို့​သည်​ထောက်၍၊ သ​မ္မာ​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ မိ​စ္ဆာ​ဝိ​ညာဉ်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။ ချစ်​သူ​တို့၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ ချစ်​ချင်း​မေ​တ္တာ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ ချစ်​တတ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​လည်း ဖြစ်၏။- ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။- သား​တော်​အား​ဖြင့် ငါ​တို့​သည် အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​သော သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​အ​ရာ၌၊ ငါ​တို့​ကို ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ထင်​ရှား​လျက်​ရှိ၏။- ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။- ချစ်​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်။