YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 3:21-24

၁ ရှင်ယောဟန် 3:21-24 JBMLE

ချစ်​သူ​တို့၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို အ​ပြစ်​မ​တင်​လျှင်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ၏။- ငါ​တို့​သည် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်၍၊ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​တို့​ကို ကျင့်​သော​ကြောင့်၊ ဆု​တောင်း​သ​မျှ​တို့​ကို ဘု​ရား​သ​ခင့် ထံ​တော်​မှ​ရ​ကြ၏။- ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။- ပ​ညတ်​တော်​တို့​ကို စောင့်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ထို​သူ၌​လည်း ဘု​ရား​သ​ခင် တည်​တော်​မူ၏။ ငါ​တို့​အား​ပေး​တော်​မူ​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​သည်​အ​မှီ​ပြု၍၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့၌ တည်​တော်​မူ​သည်​ကို သိ​ရ​ကြ၏။