YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 3:11-24

၁ ရှင်ယောဟန် 3:11-24 JBMLE

သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။ ညီ​အစ်​ကို​တို့၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို မုန်း​သော်​လည်း အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။- ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၏။ လူ​အ​သက်​ကို သတ်​သော​သူ တစ်​စုံ​တစ်​ယောက်၌​မျှ ထာ​ဝ​ရ​အ​သက် မ​တည်​သည်​ကို သင်​တို့​သိ​ကြ၏။- ခ​ရစ်​တော်​သည် ငါ​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​တော်​ကို စွန့်​တော်​မူ​သည်​အ​ရာ​ကို ငါ​တို့​သည် ထောက်၍၊ မေ​တ္တာ​တော်​ကို သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​ကို​စွန့်​ရ​ကြ၏။- အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။ ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။- ထို​သို့​ချစ်​လျှင်၊ ကိုယ်​တိုင်​သ​မ္မာ​တ​ရား​နှင့် ဆိုင်​သည်​ကို ကိုယ်​သိ​ရ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​တင်​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၏ စိတ်​နှ​လုံး​ထက်​သာ၍ ကြီး​မြတ်​သည်​ဖြစ်၍၊ အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။- ချစ်​သူ​တို့၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို အ​ပြစ်​မ​တင်​လျှင်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ၏။- ငါ​တို့​သည် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်၍၊ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​တို့​ကို ကျင့်​သော​ကြောင့်၊ ဆု​တောင်း​သ​မျှ​တို့​ကို ဘု​ရား​သ​ခင့် ထံ​တော်​မှ​ရ​ကြ၏။- ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။- ပ​ညတ်​တော်​တို့​ကို စောင့်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ထို​သူ၌​လည်း ဘု​ရား​သ​ခင် တည်​တော်​မူ၏။ ငါ​တို့​အား​ပေး​တော်​မူ​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​သည်​အ​မှီ​ပြု၍၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့၌ တည်​တော်​မူ​သည်​ကို သိ​ရ​ကြ၏။