YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 3:11-15

၁ ရှင်ယောဟန် 3:11-15 JBMLE

သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။ ညီ​အစ်​ကို​တို့၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို မုန်း​သော်​လည်း အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။- ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၏။ လူ​အ​သက်​ကို သတ်​သော​သူ တစ်​စုံ​တစ်​ယောက်၌​မျှ ထာ​ဝ​ရ​အ​သက် မ​တည်​သည်​ကို သင်​တို့​သိ​ကြ၏။