YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 2:7-29

၁ ရှင်ယောဟန် 2:7-29 JBMLE

ချစ်​သူ​တို့၊ သင်​တို့​အား ငါ​ရေး​ထား​သော ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ ရှေ့​ဦး​စွာ​က​ပင် သင်​တို့၌​ရှိ​သော ပ​ညတ်​ဟောင်း​ဖြစ်၏။ ပ​ညတ်​ဟောင်း​ကား၊ ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကြား​ရ​သော ဒေ​သ​နာ​တော်​ဖြစ်၏။- တစ်​ဖန်​တုံ၊ ပ​ညတ်​သစ်​ကို သင်​တို့​အား ငါ​ရေး​ထား၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အား​ဖြင့်​လည်း​ကောင်း၊ အ​သစ်​မှန်​ပေ၏။ အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​ပျောက်​လွင့်၍ မှန်​သော​အ​လင်း​သည် ထွန်း​တောက်​လျက်​ရှိ၏။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျက်​ပင်၊ ငါ​သည် အ​လင်း၌​ရှိ၏​ဟု ဆို​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်၌ ရှိ​သေး၏။- မိ​မိ​ညီ​အစ်​ကို​ကို ချစ်​သော​သူ​သည် အ​လင်း၌ တည်​နေ၏။ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​သည် ထို​သူ၌​မ​ရှိ။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​သည် မှောင်​မိုက်၌​ရှိ၏။ မှောင်​မိုက်၌​လည်း ကျင်​လည်​သွား​လာ၏။ မှောင်​မိုက်​ကြောင့် သူ၏​မျက်​စိ မ​မြင်​နိုင်​သ​ဖြင့်၊ အ​ဘယ်​အ​ရပ်​သို့ ကိုယ်​သွား​သည်​ကို ကိုယ်​မ​သိ။- ချစ်​သား​တို့၊ သင်​တို့​သည် ထို​သ​ခင်၏ နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​နှင့် ကင်း​လွတ်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား​ငါ​ရေး၍ ပေး​လိုက်၏။ လူ​ပျို​တို့၊ သင်​တို့​သည် မာရ်​နတ်​ကို​အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သူ​ငယ်​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို​သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။- လော​က​ကို​လည်း​ကောင်း၊ လော​က၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း၊ မ​ချစ်​ကြ​နှင့်။ လော​က​ကို ချစ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို ချစ်​ခြင်း​မေ​တ္တာ​မ​ရှိ။- လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။- လော​က​နှင့် လော​ကီ​တပ်​မက်​ခြင်း​သည် ရွေ့​သွား​ကွယ်​ပျောက်​တတ်၏။ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကျင့်​သော​သူ​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်၏။ ချစ်​သား​တို့၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်၏။ ခ​ရစ်​တော်၏ ရန်​သူ​တည်း​ဟူ​သော အ​န္တိ​ခ​ရစ် ပေါ်​လာ​ကြောင်း​ကို သင်​တို့​ကြား​ရ​သည်​အ​တိုင်း၊ ယ​ခု​ပင် အ​န္တိ​ခ​ရစ်​အ​များ​ရှိ​ကြ၏။ ထို​ကြောင့်၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​သည်​ကို သိ​ရ၏။- ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။- သင်​တို့​သည် သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ ဘိ​သိက်​ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ခပ်​သိမ်း​သော အ​ရာ​တို့​ကို သိ​ကြ၏။- သ​မ္မာ​တ​ရား​ကို သင်​တို့​မ​သိ​သော​ကြောင့်၊ ငါ​ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်။ သင်​တို့​သည် သ​မ္မာ​တ​ရား​ကို​လည်း​ကောင်း၊ မု​သား​ရှိ​သ​မျှ​တို့​သည် သ​မ္မာ​တ​ရား​နှင့် မ​စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ သိ​သော​ကြောင့် ငါ​ရေး၍​ပေး​လိုက်၏။- မု​သား​ကို​သုံး​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ယေ​ရှု​သည် ခ​ရစ်​တော်​မ​ဟုတ်​ဟု ငြင်း​ပယ်​သော​သူ ဖြစ်​သ​တည်း။ ခ​မည်း​တော်​နှင့် သား​တော်​ကို ငြင်း​ပယ်​သော​သူ​သည် အ​န္တိ​ခ​ရစ်​ဖြစ်၏။- သား​တော်​ကို ငြင်း​ပယ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​မ​သိ။ သား​တော်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​သိ၏။- ထို​ကြောင့်၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော ဒေ​သ​နာ​ကို သင်​တို့၌ တည်​စေ​ကြ​လော့။ ထို​ဒေ​သ​နာ​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည် သား​တော်၌​လည်း​ကောင်း၊ ခ​မည်း​တော်၌​လည်း​ကောင်း၊ တည်​ရ​ကြ​လိမ့်​မည်။ ငါ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို ဝန်​ခံ​တော်​မူ​သော က​တိ​တော်​ပေ​တည်း။- သင်​တို့​ကို လှည့်​ဖြား​သော​သူ​တို့၏​အ​ကြောင်း​ကို ဤ​သို့ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- သို့​သော်​လည်း သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ သင်​တို့​ခံ​ရ​သော ဘိ​သိက်​ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ သင်​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စ​ရာ အ​ကြောင်း​မ​ရှိ။ ထို​ဘိ​သိက် ကျေး​ဇူး​တော်​သည် ဖြစ်​ယောင်​ဆောင်​သည် မ​ဟုတ်၊ အ​မှန်​ဖြစ်​လျက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့​အား သွန်​သင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သား​တော်၌ တည်​နေ​ကြ​လော့။- ချစ်​သား​တို့၊ သား​တော်​သည်​ထင်​ရှား ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သား​တော်၌ တည်​နေ​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​သည်​ကို သင်​တို့​သည်​သိ​လျှင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သည်​ကို သိ​ရ​ကြ၏။