YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 2:1-6

၁ ရှင်ယောဟန် 2:1-6 JBMLE

ချစ်​သား​တို့၊ သင်​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​စေ​ခြင်း​ငှာ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော ငါ​တို့​အ​မှု​ဆောင်​သ​ခင်​သည် ခ​မည်း​တော်​ထံ၌ ရှိ​တော်​မူ၏။- ထို​သ​ခင်​သည် ငါ​တို့၏​အ​ပြစ်​မ​က၊ လော​ကီ​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​တော်​မူ၏။- ထို​သ​ခင်​ကို ကိုယ်​တိုင်​သိ​ကျွမ်း​သည်​ကို အ​ဘယ်​သို့ သိ​ရ​သ​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လျှင် သိ​ရ​သ​တည်း။- ထို​သ​ခင်​ကို ငါ​သိ၏​ဟု ပ​ညတ်​တော်​တို့​ကို မ​စောင့်​ဘဲ​လျက် ဆို​သော​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၍ ထို​သူ၌ သ​စ္စာ​မ​ရှိ။- ထို​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​မှန်​ပြည့်​စုံ၏။ ငါ​တို့​သည် ထို​သ​ခင်၌​ရှိ​ကြောင်း​ကို ထို​သို့​အား​ဖြင့်​သိ​ရ​ကြ၏။- ထို​သ​ခင်၌​ငါ​တည်၏​ဟု​ဆို​သော​သူ​သည်၊ ထို​သ​ခင်​ကျင့်​တော်​မူ​သည်​နည်း​တူ ကျင့်​ရ​မည်။