YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 1:7-9

၁ ရှင်ယောဟန် 1:7-9 JBMLE

ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။- ကိုယ်​အ​ပြစ်​မ​ရှိ​ဟု ငါ​တို့​သည်​ဆို​လျှင်၊ ကိုယ်​ကို​ကိုယ် လှည့်​ဖြား​ကြ၏။ ငါ​တို့၌ သ​စ္စာ​တ​ရား​မ​ရှိ။- ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။

​၁ ရှင်ယောဟန် 1:7-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။