YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 5:6-8

၁ ကောရိန္သု 5:6-8 JBMLE

သင်​တို့၏ ဝါ​ကြွား​ခြင်း​သည် မ​ကောင်း​မ​သင့် ဖြစ်၏။ အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​စိမ်း​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ကို မ​သိ​ကြ​သ​လော။- သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​သည်​နှင့်​အ​ညီ၊ အ​သစ်​သော မုန့်​စိမ်း​ဖြစ်​မည်​အ​ကြောင်း၊ ဟောင်း​သော​တ​ဆေး​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​တည်း​ဟူ​သော ငါ​တို့​ပ​သ​ခါ သိုး​သ​ငယ်​သည် ငါ​တို့​အ​ဖို့ ယဇ်​ပူ​ဇော်​ရာ​ဖြစ်၏။- ထို​ကြောင့်၊ ဟောင်း​သော​တ​ဆေး၊ ဆိုး​ညစ် မိုက်​မဲ​ခြင်း​တ​ဆေး​တို့​ကို ပယ်​ပစ်၍၊ တ​ဆေး​မဲ့​မုန့်​တည်း​ဟူ​သော ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ပွဲ​ခံ​ကြ​ကုန်​အံ့။