YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 4:6-7

၁ ကောရိန္သု 4:6-7 JBMLE

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ကျမ်း​စာ​ကို​လွန်၍ သူ​တစ်​ပါး​ကို မ​ရို​သေ​အပ်​ဟု ငါ​တို့​ကို​ထောက်၍ နား​လည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မာ​န​စိတ်​ထောင်​လွှား​သည်​နှင့် တစ်​ယောက်​ကို​မှီ​ဝဲ၍ တစ်​ယောက်​ကို​ငြင်း​ဆန်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ဆို​ခဲ့​ပြီး​သော​အ​ချက်၌ သင်​တို့၏​အ​ကျိုး​ကို​ထောက်၍ ငါ​နှင့် အာ​ပေါ​လု​ကို ပုံ​ဆောင်​လျက် ဆို​သ​တည်း။- ထို​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် သင့်​ကို ထူး​ခြား​စေ​သ​နည်း။ သူ​တစ်​ပါး​လက်​မှ မ​ခံ​မ​ယူ​ဘဲ အ​လို​အ​လျောက်​ရ​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ သင်၌​ရှိ​သ​လော။ သူ​တစ်​ပါး​လက်​မှ ခံ​ယူ​သည်​မှန်​လျှင်၊ မ​ခံ​မ​ယူ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။