YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 4:14-21

၁ ကောရိန္သု 4:14-21 JBMLE

သင်​တို့​သည် ရှက်​စေ​ခြင်း​ငှာ ဤ​သို့​ငါ​ရေး​သည် မ​ဟုတ်။ သင်​တို့​ကို ချစ်​သား​ကဲ့​သို့​မှတ်၍ သ​တိ​ပေး၏။- သင်​တို့​တွင် ခ​ရစ်​တော်၏​အ​ကြောင်း​ကို သင်​ပေး​သော ဆ​ရာ​တစ်​သောင်း​ရှိ​ငြား​သော်​လည်း၊ အ​ဘ​အ​များ မ​ရှိ။ ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ငါ​သည် သင်​တို့​ကို ယေ​ရှု​ခ​ရစ်၌ ဖြစ်​ပွား​စေ​ပြီ။- သို့​ဖြစ်၍၊ ငါ​ကျင့်​သည်​နည်း​တူ သင်​တို့​သည် ကျင့်​ကြ​မည်​အ​ကြောင်း ငါ​နှိုး​ဆော် တောင်း​ပန်၏။- ထို​အ​ကြောင်း​ကြောင့် သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော ငါ၏​ချစ်​သား​တိ​မော​သေ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ငါ​သွန်​သင်​သည်​နှင့်​အ​ညီ၊ ငါ​သည် ခ​ရစ်​တော်၌​ကျင့်​သော အ​ကျင့်​ဓ​လေ့​များ​ကို သင်​တို့​သည် မှတ်​မိ​စေ​ခြင်း​ငှာ သူ​သည် ပြ​သ​တိုက်​တွန်း​လိမ့်​မည်။- ငါ​သည် သင်​တို့​ဆီ​သို့ ကိုယ်​တိုင်​မ​လာ​ဟု အ​ချို့​သော သူ​တို့​သည် ထင်​မှတ်​သည်​နှင့်၊ မာ​န​ထောင်​လွှား​ခြင်း ရှိ​ကြ၏။- သို့​သော်​လည်း သ​ခင်​ဘု​ရား​သည် အ​လို​တော်​ရှိ​လျှင် ငါ​သည် မြန်​မြန်​လာ​မည်။ လာ​သော​အ​ခါ မာ​န​ထောင်​လွှား​သော​သူ​တို့၏ စ​ကား​ကို သိ​မှတ်​မည်​မ​ဟုတ်။ သူ​တို့၏​တန်​ခိုး​ကို သိ​မှတ်​မည်။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် စ​ကား၌ တည်​သည်​မ​ဟုတ်၊ တန်​ခိုး၌ တည်၏။- သင်​တို့​သည် အ​ဘယ်​သို့ အ​လို​ရှိ​သ​နည်း။ ငါ​သည်​နှင်​တံ​နှင့် သင်​တို့​ဆီ​သို့​လာ​ရ​မည်​လော။ သို့​မ​ဟုတ် မေ​တ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့်​လည်း​ကောင်း၊ လာ​ရ​မည်​လော။