YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 3:5-9

၁ ကောရိန္သု 3:5-9 JBMLE

ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အာ​ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အ​ခြား​သော​သူ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​သီး​အ​သီး​တို့​အား အ​ခွင့်​ပေး​သ​နား​တော်​မူ​သည်​နှင့် အ​ညီ၊ သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​စေ​သော ဓ​မ္မ​ဆ​ရာ​ပေ​တည်း။- ငါ​သည် စိုက်​ပျိုး​သော​သူ​ဖြစ်၏။ အာ​ပေါ​လု​သည် ရေ​လောင်း​သော​သူ​ဖြစ်၏။ အ​ပင်​ကို​ကြီး​ပွား​စေ​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။- စိုက်​ပျိုး​သော​သူ မ​တတ်​နိုင်။ ရေ​လောင်း​သော​သူ​လည်း မ​တတ်​နိုင်။ ကြီး​ပွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။- သို့​သော်​လည်း၊ စိုက်​ပျိုး​သော​သူ​နှင့် ရေ​လောင်း​သော​သူ​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​လုပ်​သည်​အ​တိုင်း မိ​မိ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။- ငါ​တို့​သည် ဘု​ရား​သ​ခင့်​ထံ၌ အ​လုပ်​လုပ်​သော​သူ​ချင်း ဖြစ်​ကြ၏။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ ကျောင်း​တော်​တိုက်​လည်း ဖြစ်​ကြ၏။