YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 2:6-10

၁ ကောရိန္သု 2:6-10 JBMLE

သို့​သော်​လည်း၊ စုံ​လင်​သော​သူ​တို့​အား ငါ​တို့​သည် ပ​ညာ​စ​ကား​ကို ဟော​ပြော၏။ ထို​သို့​ဆို​သော်၊ လော​ကီ​ပ​ညာ​ကို မ​ဆို​လို။ ပြယ်​ပျောက်​တတ်​သော လော​ကီ​မင်း​တို့၏ ပ​ညာ​ကို​မ​ဆို​လို။- ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ၊ ငါ​တို့၏ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော ပ​ညာ၊ နက်​နဲ​သော​အ​ရာ၌ ဝှက်​ထား​သော ဘု​ရား​သ​ခင်၏​ပ​ညာ​ကို ငါ​တို့​သည် ပြ​သ​ကြ၏။- ထို​ပ​ညာ​ကို လော​ကီ​မင်း​တစ်​စုံ​တစ်​ယောက်​မျှ မ​သိ။ သိ​လျှင်၊ ဘုန်း​ကြီး​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ မ​ကွပ်​မျက်​ကြ​ပြီ။- ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​ပြင်​ဆင်​တော်​မူ​သော အ​ရာ​တို့​ကို လူ​မျက်​စိ​ဖြင့်​မ​မြင်၊ နား​ဖြင့်​မ​ကြား၊ စိတ်​နှ​လုံး​ဖြင့် မ​ကြံ​စည်​သေး။- ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​အား​ဖော်​ပြ​တော်​မူ၏။ ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏ နက်​နဲ​သော အ​ရာ​တိုင်​အောင် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို စစ်​တော်​မူ၏။

​၁ ကောရိန္သု 2:6-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။