YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 2:11-16

၁ ကောရိန္သု 2:11-16 JBMLE

လူ၏​နက်​နဲ​သော​အ​ရာ​ကို လူ၌​ရှိ​သော မိ​မိ​စိတ်​ဝိ​ညာဉ်​မှ တစ်​ပါး အ​ဘယ်​သူ​သိ​သ​နည်း။ ထို​နည်း​တူ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​ကို ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​သိ။- ငါ​တို့​သည် လော​ကီ​ဝိ​ညာဉ်​ကို မ​ခံ​ရ​ကြ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို သိ​ခြင်း​အ​လို​ငှာ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော ဝိ​ညာဉ်​ကို​ခံ​ရ​ကြ​ပြီ။- ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို ငါ​တို့​သည် လူ​ပ​ညာ​ကို​အ​မှီ​ပြု၍ နား​လည်​သော​စ​ကား​နှင့် မ​ဟော။ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဝိ​ညာဉ်​နှင့် စပ်​ဆိုင်​သော​အ​ရာ​ကို ဝိ​ညာဉ်​စ​ကား​အား​ဖြင့် ဖွင့်​ပြ၍ ပဲ့​ပြင်​တော်​မူ​သော​စ​ကား​နှင့် ငါ​တို့​သည် ဟော​ကြ၏။- ဇာ​တိ​ပ​က​တိ​လူ​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အ​ရာ​တို့​ကို မ​ခံ​မ​ယူ။ ထို​အ​ရာ​တို့​သည် မိုက်​မဲ​သော အ​ရာ​ဖြစ်​သည်​ဟု ထင်​တတ်၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား၍​နား​လည်​နိုင်​သော​ကြောင့်၊ ဇာ​တိ​ပ​က​တိ​လူ​သည် နား​မ​လည်​နိုင်။- ဝိ​ညာဉ်​လူ​မူ​ကား၊ ထို​အ​ရာ​အ​လုံး​စုံ​တို့​ကို ပိုင်း​ခြား၍ နား​လည်​တတ်၏။ သို့​သော်​လည်း ထို​လူ​ကို အ​ဘယ်​သူ​မျှ ပိုင်း​ခြား၍ မ​သိ​နိုင်။- ထို​လူ​ကို သွန်​သင်​နိုင်​မည်​အ​ကြောင်း အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ စိတ်​တော်​ကို သိ​သ​နည်း။ ငါ​တို့​မူ​ကား ခ​ရစ်​တော်၏​စိတ်​ကို ခံ​ရ​ကြ၏။

​၁ ကောရိန္သု 2:11-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။