YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:42-53

၁ ကောရိန္သု 15:42-53 JBMLE

ထို​နည်း​တူ၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း အ​ကြောင်း​အ​ရာ​ဖြစ်၏။ ကိုယ်​သည် စိုက်​သော​အ​ခါ၊ ပုပ်​တတ်​သော​သ​ဘော​ရှိ၏။ ထ​မြောက်​သော​အ​ခါ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်၏။- စိုက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ပျက်၏။ ထ​မြောက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ၏။ စိုက်​သော​အ​ခါ အ​စွမ်း​မ​ရှိ။ ထ​မြောက်​သော​အ​ခါ အ​စွမ်း​နှင့် ပြည့်​စုံ၏။- စိုက်​သော​အ​ခါ ဇာ​တိ​ပ​က​တိ ကိုယ်​ဖြစ်၏။ ထ​မြောက်​သော​အ​ခါ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။ ဇာ​တိ​ပ​က​တိ ကိုယ်​တစ်​မျိုး၊ ဝိ​ညာ​ဏ​ကိုယ်​တစ်​မျိုး​ရှိ၏။- ကျမ်း​စာ​လာ​သည်​ကား၊ ရှေ့​ဦး​စွာ​သော လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်၏​ဟု လာ​သ​တည်း။ ယ​ခု​တွင် နောက်​ဆုံး​ဖြစ်​သော အာ​ဒံ​မူ​ကား၊ အ​သက်​ရှင်​စေ​တတ်​သော ဝိ​ညာဉ်​ဖြစ်၏။- ဝိ​ညာ​ဏ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်​သည်​မ​ဟုတ်၊ ဇာ​တိ​ပ​က​တိ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်၏။ နောက်​မှ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။- ရှေ့​ဦး​စွာ​သော လူ​သည် မြေ​ကြီး​က​ဖြစ်​သော​ကြောင့် မြေ​သား​ဖြစ်၏။ ဒု​တိ​ယ​လူ​မူ​ကား၊ ကောင်း​ကင်​ဘုံ​က ဖြစ်​တော်​မူ​သော သ​ခင်​ပေ​တည်း။- မြေ​သား​တို့​သည် ထို​မြေ​သား​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​သား​တို့​သည် ထို​ကောင်း​ကင်​သား​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။- ငါ​တို့​သည် မြေ​သား၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့၊ ကောင်း​ကင်​သား၏​ပုံ​သ​ဏ္ဌာန်​ကို ဆောင်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ လူ​အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​နိုင်၊ ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​ကို အ​မွေ​မ​ခံ​နိုင်။- နက်​နဲ​သော အ​ရာ​တစ်​ခု​ကို ငါ​ပြ​ဦး​မည်။ ငါ​တို့​ရှိ​သ​မျှ​သည် အိပ်​ပျော်​ရ​ကြ​မည်​မ​ဟုတ်။- သို့​သော်​လည်း၊ နောက်​ဆုံး​သော တံ​ပိုး​မှုတ်​သော​အ​ခါ၊ တစ်​ခ​ဏ​ချင်း​တွင် မျက်​စိ​တစ်​မှိတ်၌ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထို​တံ​ပိုး​မှုတ်​ချိန် ရောက်​သော​အ​ခါ၊ သေ​လွန်​သော​သူ​တို့​သည်၊ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်​လျက် ထ​မြောက်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။- ယ​ခု​မျက်​မှောက် ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။ ယ​ခု​မျက်​မှောက် သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။