YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:25-49

၁ ကောရိန္သု 15:25-49 JBMLE

ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။- နောက်​ဆုံး​သော ရန်​သူ​တည်း​ဟူ​သော သေ​မင်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လ​တ္တံ့။- ခပ်​သိမ်း​သော​အ​ရာ​တို့​ကို လူ​သား၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​သည်​ဟု ကျမ်း​စာ​လာ၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ချ​ထား​လျက်​ရှိ​ကြောင်း​ကို ဆို​သော်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို လူ​သား​အောက်၌ ချ​ထား​တော်​မူ​သော​သူ​သည် ကြွင်း​တော်​မူ​ကြောင်း ထင်​ရှား​သ​တည်း။- ခပ်​သိမ်း​သော အ​ရာ​တို့​သည် လူ​သား​အောက်၌ ချ​ထား​လျက် ရှိ​သော​အ​ခါ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ့​အောက်၌ ချ​ထား​တော်​မူ​သော သူ၏​အုပ်​စိုး​တော်​မူ​ခြင်း​ကို သား​တော်​သည် ကိုယ်​တိုင်​ဝန်​ခံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ ဖြစ်​တော်​မူ​မည် အ​ကြောင်း​တည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း အ​လျှင်း​မ​ရှိ​လျှင်၊ သေ​လွန်​သော သူ​တို့၏ ကိုယ်​စား ဗ​တ္တိ​ဇံ​ကို​ခံ​သော သူ​တို့​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ သေ​လွန်​သော သူ​တို့၏​ကိုယ်​စား အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို ခံ​ရ​ကြ​သ​နည်း။- ငါ​တို့​သည်​လည်း ဘေး​ရောက်​အံ့​သော အ​ခြင်း​အ​ရာ​နှင့် အ​ဘယ်​ကြောင့် တွေ့​ရ​ကြ​သ​နည်း။- ငါ​သည် နေ့​တိုင်း​အ​သေ​ခံ​ရ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၌ သင်​တို့​အ​ကြောင်း​ကြောင့် ငါ​ဝါ​ကြွား ဝမ်း​မြောက်​ခြင်း​ကို တိုင်​တည်၍ ငါ​ဆို​ဝံ့၏။- သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း မ​ရှိ​လျှင်၊ ဧ​ဖက်​မြို့၌ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့်၊ အ​ထက်​က ငါ​သည်​သား​ရဲ​တို့​နှင့် တိုက်​သော်​လည်း၊ အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ စား​ကြ​ကုန်​အံ့၊ သောက်​ကြ​ကုန်​အံ့၊ နက်​ဖြန်​သေ​ရ​ကြ​မည်။- အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။- တ​ရား​သ​ဖြင့် နိုး​ကြ​လော့။ ဒု​စ​ရိုက်​ကို​မ​ပြု​ကြ​နှင့်။ အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။ ထို​သို့​ဆို​သော်၊ သင်​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ ငါ​ဆို၏။ သေ​လွန်​သော​သူ​တို့​သည် အ​ဘယ်​သို့ ထ​မြောက်​ကြ​မည်​နည်း။ အ​ဘယ်​သို့​သော ကိုယ်​နှင့် ပေါ်​လာ​ကြ​မည်​နည်း​ဟု တစ်​စုံ​တစ်​ယောက်​သော​သူ မေး​လိမ့်​မည်။- အ​ချင်း​လူ​မိုက်၊ သင်​စိုက်​သော​မျိုး​စေ့​မ​ပျက်​လျှင် မ​ရှင်​တတ်။- ထို​မှ​တစ်​ပါး မျိုး​စေ့​ကို စိုက်​သော​အ​ခါ၊ နောက်​ဖြစ်​လ​တ္တံ့​သော ကိုယ်​ကို မ​စိုက်၊ ဂျုံ​စ​ပါး​ဖြစ်​စေ၊ အ​ခြား​သော​စ​ပါး​ဖြစ်​စေ၊ အ​စေ့​သက်​သက်​ကို စိုက်​တတ်၏။- ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း ကိုယ်​ကို ပေး​တော်​မူ၏။ မျိုး​စေ့​အ​သီး​အ​သီး​တို့​အား​လည်း၊ မိ​မိ​တို့​မျိုး​အ​တိုင်း ကိုယ်​ကို​ပေး​တော်​မူ၏။- အ​သား​ရှိ​သ​မျှ​တို့​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​သား​တစ်​မျိုး၊ အ​မဲ​သား​တစ်​မျိုး၊ ငါး​သား​တစ်​မျိုး၊ ငှက်​သား​တစ်​မျိုး၊ အ​သီး​အ​သီး​ရှိ​ကြ၏။- ကောင်း​ကင် အ​ကောင်​အ​ထည်​လည်း​ရှိ၏။ မြေ​ကြီး အ​ကောင်​အ​ထည်​လည်း ရှိ၏။ ကောင်း​ကင် အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း​တစ်​မျိုး၊ မြေ​ကြီး အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း တစ်​မျိုး​ဖြစ်၏။- နေ၏​ဂုဏ်​အ​သ​ရေ​တစ်​မျိုး၊ လ၏​ဂုဏ်​အ​သ​ရေ​တစ်​မျိုး၊ ကြယ်​တို့၏ ဂုဏ်​အ​သ​ရေ​တစ်​မျိုး အ​သီး​အ​သီး ရှိ​ကြ၏။ ကြယ်​တို့၏ ဂုဏ်​အ​သ​ရေ​သည်​လည်း အ​သီး​သီး အ​ခြား​ခြား ဖြစ်​ကြ၏။- ထို​နည်း​တူ၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း အ​ကြောင်း​အ​ရာ​ဖြစ်၏။ ကိုယ်​သည် စိုက်​သော​အ​ခါ၊ ပုပ်​တတ်​သော​သ​ဘော​ရှိ၏။ ထ​မြောက်​သော​အ​ခါ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်၏။- စိုက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ပျက်၏။ ထ​မြောက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ၏။ စိုက်​သော​အ​ခါ အ​စွမ်း​မ​ရှိ။ ထ​မြောက်​သော​အ​ခါ အ​စွမ်း​နှင့် ပြည့်​စုံ၏။- စိုက်​သော​အ​ခါ ဇာ​တိ​ပ​က​တိ ကိုယ်​ဖြစ်၏။ ထ​မြောက်​သော​အ​ခါ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။ ဇာ​တိ​ပ​က​တိ ကိုယ်​တစ်​မျိုး၊ ဝိ​ညာ​ဏ​ကိုယ်​တစ်​မျိုး​ရှိ၏။- ကျမ်း​စာ​လာ​သည်​ကား၊ ရှေ့​ဦး​စွာ​သော လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်၏​ဟု လာ​သ​တည်း။ ယ​ခု​တွင် နောက်​ဆုံး​ဖြစ်​သော အာ​ဒံ​မူ​ကား၊ အ​သက်​ရှင်​စေ​တတ်​သော ဝိ​ညာဉ်​ဖြစ်၏။- ဝိ​ညာ​ဏ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်​သည်​မ​ဟုတ်၊ ဇာ​တိ​ပ​က​တိ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်၏။ နောက်​မှ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။- ရှေ့​ဦး​စွာ​သော လူ​သည် မြေ​ကြီး​က​ဖြစ်​သော​ကြောင့် မြေ​သား​ဖြစ်၏။ ဒု​တိ​ယ​လူ​မူ​ကား၊ ကောင်း​ကင်​ဘုံ​က ဖြစ်​တော်​မူ​သော သ​ခင်​ပေ​တည်း။- မြေ​သား​တို့​သည် ထို​မြေ​သား​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​သား​တို့​သည် ထို​ကောင်း​ကင်​သား​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။- ငါ​တို့​သည် မြေ​သား၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့၊ ကောင်း​ကင်​သား၏​ပုံ​သ​ဏ္ဌာန်​ကို ဆောင်​ကြ​လိမ့်​မည်။