YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:12-58

၁ ကောရိန္သု 15:12-58 JBMLE

ယ​ခု​မှာ၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို ဟော​ပြော​ရ​သည်​ဖြစ်၍၊ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​ဟု သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​သ​နည်း။- သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။- ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ ငါ​တို့ ဟော​ပြော​ခြင်း၌ အ​ကျိုး​မ​ရှိ။ သင်​တို့​ယုံ​ကြည်​ခြင်း၌​လည်း အ​ကျိုး​မ​ရှိ။- ထို​မျှ​မ​က၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မှု​မှာ မ​မှန်​သော သက်​သေ​ခံ​ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မ​မူ၊ ယ​ခု​မှာ၊ ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။- ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ သင်​တို့​သည် ယုံ​ကြည်​သော်​လည်း အ​ကျိုး​မ​ရှိ၊ ဒု​စ​ရိုက်​အ​ပြစ်​အောက်၌ ရှိ​ကြ​သေး၏။- ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်​ကို ယုံ​ကြည်၍ အိပ်​ပျော်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​ရောက်​ကြ​ပြီ။- ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​မှီ​ပြု၍ ယ​ခု​ဘ​ဝ၌​သာ မျှော်​လ​င့်​စ​ရာ​ရှိ​လျှင်၊ အ​ခြား​သော သူ​အ​ပေါင်း​တို့​ထက် သာ၍ ဆင်း​ရဲ​သော​သူ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။- သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။- လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။- သို့​ရာ​တွင် လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့ အ​လှည့်​အ​တိုင်း လိုက်​ရ​ကြ​လိမ့်​မည်။ ခ​ရစ်​တော်​သည် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ၏၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​ဖြစ်​သော သူ​တို့​သည် ရှင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ထို​အ​ခါ ခ​ရစ်​တော်​သည် အ​ထွတ်​အ​မြတ် အာ​ဏာ​တန်​ခိုး​အ​မျိုး​မျိုး​ကို ပယ်​ရှင်း၍၊ မိ​မိ​နိုင်​ငံ​ကို ဘု​ရား​သ​ခင်​တည်း​ဟူ​သော ခ​မည်း​တော်၌ အပ်​ပြန်​တော်​မူ​ပြီး​မှ က​မ္ဘာ​ကုန်​ရ​လ​တ္တံ့။- ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။- နောက်​ဆုံး​သော ရန်​သူ​တည်း​ဟူ​သော သေ​မင်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လ​တ္တံ့။- ခပ်​သိမ်း​သော​အ​ရာ​တို့​ကို လူ​သား၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​သည်​ဟု ကျမ်း​စာ​လာ၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ချ​ထား​လျက်​ရှိ​ကြောင်း​ကို ဆို​သော်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို လူ​သား​အောက်၌ ချ​ထား​တော်​မူ​သော​သူ​သည် ကြွင်း​တော်​မူ​ကြောင်း ထင်​ရှား​သ​တည်း။- ခပ်​သိမ်း​သော အ​ရာ​တို့​သည် လူ​သား​အောက်၌ ချ​ထား​လျက် ရှိ​သော​အ​ခါ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ့​အောက်၌ ချ​ထား​တော်​မူ​သော သူ၏​အုပ်​စိုး​တော်​မူ​ခြင်း​ကို သား​တော်​သည် ကိုယ်​တိုင်​ဝန်​ခံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ ဖြစ်​တော်​မူ​မည် အ​ကြောင်း​တည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း အ​လျှင်း​မ​ရှိ​လျှင်၊ သေ​လွန်​သော သူ​တို့၏ ကိုယ်​စား ဗ​တ္တိ​ဇံ​ကို​ခံ​သော သူ​တို့​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ သေ​လွန်​သော သူ​တို့၏​ကိုယ်​စား အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို ခံ​ရ​ကြ​သ​နည်း။- ငါ​တို့​သည်​လည်း ဘေး​ရောက်​အံ့​သော အ​ခြင်း​အ​ရာ​နှင့် အ​ဘယ်​ကြောင့် တွေ့​ရ​ကြ​သ​နည်း။- ငါ​သည် နေ့​တိုင်း​အ​သေ​ခံ​ရ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၌ သင်​တို့​အ​ကြောင်း​ကြောင့် ငါ​ဝါ​ကြွား ဝမ်း​မြောက်​ခြင်း​ကို တိုင်​တည်၍ ငါ​ဆို​ဝံ့၏။- သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း မ​ရှိ​လျှင်၊ ဧ​ဖက်​မြို့၌ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့်၊ အ​ထက်​က ငါ​သည်​သား​ရဲ​တို့​နှင့် တိုက်​သော်​လည်း၊ အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ စား​ကြ​ကုန်​အံ့၊ သောက်​ကြ​ကုန်​အံ့၊ နက်​ဖြန်​သေ​ရ​ကြ​မည်။- အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။- တ​ရား​သ​ဖြင့် နိုး​ကြ​လော့။ ဒု​စ​ရိုက်​ကို​မ​ပြု​ကြ​နှင့်။ အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။ ထို​သို့​ဆို​သော်၊ သင်​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ ငါ​ဆို၏။ သေ​လွန်​သော​သူ​တို့​သည် အ​ဘယ်​သို့ ထ​မြောက်​ကြ​မည်​နည်း။ အ​ဘယ်​သို့​သော ကိုယ်​နှင့် ပေါ်​လာ​ကြ​မည်​နည်း​ဟု တစ်​စုံ​တစ်​ယောက်​သော​သူ မေး​လိမ့်​မည်။- အ​ချင်း​လူ​မိုက်၊ သင်​စိုက်​သော​မျိုး​စေ့​မ​ပျက်​လျှင် မ​ရှင်​တတ်။- ထို​မှ​တစ်​ပါး မျိုး​စေ့​ကို စိုက်​သော​အ​ခါ၊ နောက်​ဖြစ်​လ​တ္တံ့​သော ကိုယ်​ကို မ​စိုက်၊ ဂျုံ​စ​ပါး​ဖြစ်​စေ၊ အ​ခြား​သော​စ​ပါး​ဖြစ်​စေ၊ အ​စေ့​သက်​သက်​ကို စိုက်​တတ်၏။- ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း ကိုယ်​ကို ပေး​တော်​မူ၏။ မျိုး​စေ့​အ​သီး​အ​သီး​တို့​အား​လည်း၊ မိ​မိ​တို့​မျိုး​အ​တိုင်း ကိုယ်​ကို​ပေး​တော်​မူ၏။- အ​သား​ရှိ​သ​မျှ​တို့​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​သား​တစ်​မျိုး၊ အ​မဲ​သား​တစ်​မျိုး၊ ငါး​သား​တစ်​မျိုး၊ ငှက်​သား​တစ်​မျိုး၊ အ​သီး​အ​သီး​ရှိ​ကြ၏။- ကောင်း​ကင် အ​ကောင်​အ​ထည်​လည်း​ရှိ၏။ မြေ​ကြီး အ​ကောင်​အ​ထည်​လည်း ရှိ၏။ ကောင်း​ကင် အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း​တစ်​မျိုး၊ မြေ​ကြီး အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း တစ်​မျိုး​ဖြစ်၏။- နေ၏​ဂုဏ်​အ​သ​ရေ​တစ်​မျိုး၊ လ၏​ဂုဏ်​အ​သ​ရေ​တစ်​မျိုး၊ ကြယ်​တို့၏ ဂုဏ်​အ​သ​ရေ​တစ်​မျိုး အ​သီး​အ​သီး ရှိ​ကြ၏။ ကြယ်​တို့၏ ဂုဏ်​အ​သ​ရေ​သည်​လည်း အ​သီး​သီး အ​ခြား​ခြား ဖြစ်​ကြ၏။- ထို​နည်း​တူ၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း အ​ကြောင်း​အ​ရာ​ဖြစ်၏။ ကိုယ်​သည် စိုက်​သော​အ​ခါ၊ ပုပ်​တတ်​သော​သ​ဘော​ရှိ၏။ ထ​မြောက်​သော​အ​ခါ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်၏။- စိုက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ပျက်၏။ ထ​မြောက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ၏။ စိုက်​သော​အ​ခါ အ​စွမ်း​မ​ရှိ။ ထ​မြောက်​သော​အ​ခါ အ​စွမ်း​နှင့် ပြည့်​စုံ၏။- စိုက်​သော​အ​ခါ ဇာ​တိ​ပ​က​တိ ကိုယ်​ဖြစ်၏။ ထ​မြောက်​သော​အ​ခါ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။ ဇာ​တိ​ပ​က​တိ ကိုယ်​တစ်​မျိုး၊ ဝိ​ညာ​ဏ​ကိုယ်​တစ်​မျိုး​ရှိ၏။- ကျမ်း​စာ​လာ​သည်​ကား၊ ရှေ့​ဦး​စွာ​သော လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်၏​ဟု လာ​သ​တည်း။ ယ​ခု​တွင် နောက်​ဆုံး​ဖြစ်​သော အာ​ဒံ​မူ​ကား၊ အ​သက်​ရှင်​စေ​တတ်​သော ဝိ​ညာဉ်​ဖြစ်၏။- ဝိ​ညာ​ဏ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်​သည်​မ​ဟုတ်၊ ဇာ​တိ​ပ​က​တိ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်၏။ နောက်​မှ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။- ရှေ့​ဦး​စွာ​သော လူ​သည် မြေ​ကြီး​က​ဖြစ်​သော​ကြောင့် မြေ​သား​ဖြစ်၏။ ဒု​တိ​ယ​လူ​မူ​ကား၊ ကောင်း​ကင်​ဘုံ​က ဖြစ်​တော်​မူ​သော သ​ခင်​ပေ​တည်း။- မြေ​သား​တို့​သည် ထို​မြေ​သား​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​သား​တို့​သည် ထို​ကောင်း​ကင်​သား​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။- ငါ​တို့​သည် မြေ​သား၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့၊ ကောင်း​ကင်​သား၏​ပုံ​သ​ဏ္ဌာန်​ကို ဆောင်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ လူ​အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​နိုင်၊ ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​ကို အ​မွေ​မ​ခံ​နိုင်။- နက်​နဲ​သော အ​ရာ​တစ်​ခု​ကို ငါ​ပြ​ဦး​မည်။ ငါ​တို့​ရှိ​သ​မျှ​သည် အိပ်​ပျော်​ရ​ကြ​မည်​မ​ဟုတ်။- သို့​သော်​လည်း၊ နောက်​ဆုံး​သော တံ​ပိုး​မှုတ်​သော​အ​ခါ၊ တစ်​ခ​ဏ​ချင်း​တွင် မျက်​စိ​တစ်​မှိတ်၌ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထို​တံ​ပိုး​မှုတ်​ချိန် ရောက်​သော​အ​ခါ၊ သေ​လွန်​သော​သူ​တို့​သည်၊ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်​လျက် ထ​မြောက်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။- ယ​ခု​မျက်​မှောက် ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။ ယ​ခု​မျက်​မှောက် သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။- ဤ​ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော အ​ဖြစ်​သို့​လည်း​ကောင်း၊ ဤ​သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင် သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ ဝင်​စား​သော​အ​ခါ၊ သေ​ခြင်း​သည် အောင်​ခြင်း၌​နစ်​မြုပ်​ပြီ​ဟု ကျမ်း​စာ၌​လာ​ချက် ပြည့်​စုံ​လိမ့်​မည်။- အို သေ​မင်း၊ သင်၏​လက်​နက်​သည်၊ အ​ဘယ်​မှာ ရှိ​သ​နည်း။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၏​အောင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။- သေ​မင်း၏​လက်​နက်​ကား၊ ဒု​စ​ရိုက်​အ​ပြစ်​ပေ​တည်း။ ဒု​စ​ရိုက်​အ​ပြစ်၏ တန်​ခိုး​ကား၊ ပ​ညတ်​တ​ရား ပေ​တည်း။- ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။- ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။