YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 12:18-25

၁ ကောရိန္သု 12:18-25 JBMLE

ယ​ခု​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း အင်္ဂါ​များ​အ​သီး​အ​သီး​တို့​ကို ကိုယ်၌ စီ​ရင်​ခန့်​ထား​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အင်္ဂါ​တစ်​ခု​တည်း​ဖြစ်​လျှင် ကိုယ်​သည်​အ​ဘယ်​မှာ ရှိ​လိမ့်​မည်​နည်း။- ယ​ခု​တွင် အင်္ဂါ​အ​များ​ရှိ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ရှိ၏။- မျက်​စိ​က၊ သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု လက်​ကို မ​ဆို​ရ။ ထို​နည်း​တူ၊ ဦး​ခေါင်း​က၊ သင်​တို့​ကို​ငါ​အ​လို​မ​ရှိ​ဟု ခြေ​တို့​ကို မ​ဆို​ရ။ ထို​မျှ​မ​က အား​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​အ​သုံး​ဝင်​ကြ၏။- အ​သ​ရေ​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​အား​လည်း၊ သာ၍​ကြီး​သော အ​သ​ရေ​ကို ပေး​တတ်၏။- တင့်​တယ်​ခြင်း​မ​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​ကြီး​သော တင့်​တယ်​ခြင်း​ကို ခံ​ရ​ကြ၏။- တင့်​တယ်​လျက်​ရှိ​သော အင်္ဂါ​တို့​သည် အ​ခြား​သော တင့်​တယ်​ခြင်း​ကို မ​လို​ကြ။- ကိုယ်​ခ​န္ဓာ၌ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​မ​ရှိ​ဘဲ၊ အင်္ဂါ​များ​တို့​သည် အ​ချင်း​ချင်း သူ့​ကို​ကိုယ်​နှင့်​အ​မျှ သ​တိ​ပြု​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ​ကို​မျှ​စေ၍၊ ယုတ်​သော​အင်္ဂါ​အား သာ၍​များ​သော အ​သ​ရေ​ကို ပေး​တော်​မူ၏။