YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 11:3-16

၁ ကောရိန္သု 11:3-16 JBMLE

ယောက်ျား၏​ခေါင်း​ကား ခ​ရစ်​တော်​ဖြစ်​သည်​ကို​လည်း​ကောင်း၊ မိန်း​မ၏​ခေါင်း​ကား ယောက်ျား​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၏​ခေါင်း​ကား ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ သိ​မှတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- ယောက်ျား​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို ဖုံး​လျက် ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း အ​သ​ရေ​ကို ရှုတ်​ချ၏။- မိန်း​မ​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို မ​ဖုံး​ဘဲ ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း​အ​သ​ရေ​ကို ရှုတ်​ချ၏။- ထို​သို့​ပြု​လျှင် ဆံ​ပင်​ရိတ်​သည်​နှင့်​တူ၏။ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို မ​ဖုံး​လျှင် ဆံ​ပင်​ကို​ဖြတ်​စေ။ ဆံ​ပင် ဖြတ်​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​အ​ရာ​သည် ရှက်​စ​ရာ​ရှိ​လျှင် ခေါင်း​ကို​ဖုံး​စေ။- ယောက်ျား​သည် ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်၊ ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော​ကြောင့် မိ​မိ​ခေါင်း​ကို မ​ဖုံး​ရ။ မိန်း​မ​မူ​ကား ယောက်ျား၏​ဘုန်း​အ​သ​ရေ​ဖြစ်၏။- ယောက်ျား​သည် မိန်း​မ​ကြောင့်​ဖြစ်​သည် မ​ဟုတ်။ မိန်း​မ​သည် ယောက်ျား​ကြောင့်​ဖြစ်၏။- ယောက်ျား​ကို မိန်း​မ​ဖို့​ဖန်​ဆင်း​သည်​မ​ဟုတ်။ မိန်း​မ​ကို ယောက်ျား​ဖို့ ဖန်​ဆင်း၏။- ထို​ကြောင့်၊ ကောင်း​ကင်​တ​မန်​များ​ကို ထောက်၍၊ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို ဖုံး​ရ​မည်။ သို့​သော်​လည်း သ​ခင်​ဘု​ရား၌ ယောက်ျား​မ​ပါ​ဘဲ မိန်း​မ​ဖြစ်​သည်​မ​ဟုတ်။ မိန်း​မ မ​ပါ​ဘဲ ယောက်ျား​ဖြစ်​သည် မ​ဟုတ်။- မိန်း​မ​သည် ယောက်ျား​ကြောင့်​ဖြစ်​သ​ကဲ့​သို့ ယောက်ျား​သည်​လည်း မိန်း​မ​အား​ဖြင့်​ဖြစ်၏။ အ​လုံး​စုံ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကြောင့် ဖြစ်​ကြ၏။- မိန်း​မ​သည် ခေါင်း​ကို​မ​ဖုံး​ဘဲ​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လျှင်၊ လျောက်​ပတ်​သည် မ​လျောက်​ပတ်​သည်​ကို သင်​တို့ အ​လို​အ​လျောက် ဆင်​ခြင်​စီ​ရင်​ကြ​လော့။- ယောက်ျား​သည် ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ ရှက်​ဖွယ်​သော အ​ကြောင်း​ဖြစ်​သည်​ကို သင်​တို့​အား ပ​က​တိ​တ​ရား​ပင် ဆုံး​မ​သွန်​သင်​သည် မ​ဟုတ်​လော။- မိန်း​မ​မူ​ကား၊ ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ သူ၏​ဘုန်း​အ​သ​ရေ ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ မိန်း​မ​ဆံ​ပင်​သည် မိ​မိ​ခြုံ​စ​ရာ​ဖို့ ဖြစ်၏။- သို့​သော်​လည်း တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငြင်း​ခုံ​လျှင်၊ ငါ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်၌ လည်း​ကောင်း၊ ထို​သို့​သော ထုံး​စံ​မ​ရှိ။