YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 1:18-31

၁ ကောရိန္သု 1:18-31 JBMLE

အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။- ကျမ်း​စာ​လာ​သည်​ကား၊ ပ​ညာ​ရှိ​တို့၏ ပ​ညာ​ကို ငါ​ဖျက်​ဆီး​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​ကို​လည်း ငါ​ပယ်​မည်​ဟု လာ​သ​တည်း။- ပ​ညာ​ရှိ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ကျမ်း​ပြု​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ပြဿ​နာ၌ လေ့​ကျက်​သော​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ လော​ကီ​ပ​ညာ​ကို ဘု​ရား​သ​ခင်​သည် မိုက်​စေ​တော်​မူ​သည် မ​ဟုတ်​လော။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ ပ​ညာ​တော်​စီ​ရင်​သည်​နှင့်​အ​ညီ၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​ပ​ညာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို မ​သိ​ဘဲ​နေ​ကြ​သော​အ​ခါ၊ ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သော​သူ​တို့​ကို ဒေ​သ​နာ​တော် မိုက်​မဲ​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ငှာ စေ​တ​နာ​ရှိ​တော်​မူ၏။- ယု​ဒ​လူ​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​တတ်​ကြ၏။ ဟေ​လ​သ​လူ​တို့​သည် ပ​ညာ​ကို ရှာ​တတ်​ကြ၏။- ငါ​တို့​မူ​ကား၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ခ​ရစ်​တော်၏ အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ဖြစ်၏။ တစ်​ပါး​အ​မျိုး​သား၌​ကား၊ မိုက်​မဲ​ခြင်း​ဖြစ်၏။- သို့​သော်​လည်း၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ခေါ်​တော်​မူ​သော​သူ​တို့၌ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်၏​ပ​ညာ​တော်​တည်း​ဟူ​သော ခ​ရစ်​တော်၏ တ​ရား​ဖြစ်၏။- ဘု​ရား​သ​ခင်၏ မိုက်​မဲ​ခြင်း​အ​ရာ​သည် လူ​တို့၏ ပ​ညာ​ထက်​သာ၍ ပ​ညာ​ရှိ၏။ ဘု​ရား​သ​ခင်၏ အား​နည်း​ခြင်း​အ​ရာ​သည် လူ​တို့၏ အ​စွမ်း​ထက်​သာ၍ အ​စွမ်း​ရှိ၏။ ညီ​အစ်​ကို​တို့၊ သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း အ​ကြောင်း​အ​ရာ​ကို ဆင်​ခြင်​ကြ​လော့။ ခေါ်​တော်​မူ​သော​သူ​တို့​တွင် လော​ကီ​ပ​ညာ​ရှိ အ​များ​မ​ပါ။ ထင်​ရှား​သော လူ​ကြီး​အ​များ​မ​ပါ။ မင်း​အ​မျိုး​အ​နွယ်​ဖြစ်​သော​သူ အ​များ​မ​ပါ။- ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ အား​နည်း​သော သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။- မြတ်​သော​သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ လော​ကီ​အ​ရာ၌ ဆင်း​ရဲ​သော​သူ၊ မ​ရေ​ရာ​သော​သူ၊ ယုတ်​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ရှေ့၌ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။- ထို​ဘု​ရား​သ​ခင်​အား​ဖြင့် သင်​တို့​သည် ယေ​ရှု​ခ​ရစ်၌ တည်​နေ​ကြ၏။ ထို​သ​ခင်​မူ​ကား၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့၌ ပ​ညာ​မှ​စ၍ ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း၊ ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ၏။- သို့​ဖြစ်၍၊ ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဝါ​ကြွား​သော​သူ​မည်​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၌​သာ ဝါ​ကြွား​စေ။