YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 1

1
1ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​အ​ရာ၌ ခန့်​ထား​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​သုဿင်​သည်၊- 2ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​ပြစ်​နှင့်​ကင်း​စင်၍ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော​သူ​တည်း​ဟူ​သော၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရပ်၌ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-#တ၊ ၁၈:၁။ 3ထို​သ​ခင်​သည် ငါ​တို့၏​သ​ခင်​သာ​မ​ဟုတ်၊ သင်​တို့၏​သ​ခင်​လည်း ဖြစ်​တော်​မူ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။
ဆု​ကျေး​ဇူး​တော်​များ
4-6အ​ထက်​က ခ​ရစ်​တော်၏​သက်​သေ​ကို သင်​တို့​တွင် တည်​စေ​သည်​ရှိ​သော်၊ သင်​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့်၊ အ​ရာ​ရာ၌ နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​အ​ပေါင်း​နှင့် ကြွယ်​ဝ​ပြည့်​စုံ​ကြ​သည်​ဖြစ်၍၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့​အား​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကို ငါ​ထောက်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ငါ့​ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် ချီး​မွမ်း၏။- 7ထို​ကြောင့်​သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို မျှော်​လ​င့်၍​နေ​စဉ်၊ ဆု​တော် တစ်​စုံ​တစ်​ခု​မျှ မ​လျော့​ဘဲ စုံ​လင်​လျက်​ရှိ​ကြ၏။- 8သင်​တို့​သည် ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ နေ့​ရက်၌ အ​ပြစ်​တင်​စ​ရာ​အ​ခွင့်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​ကို အ​ဆုံး​တိုင်​အောင် ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။- 9ငါ​တို့​သ​ခင်​တည်း​ဟူ​သော သား​တော်​မြတ် သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ဆက်​ဆံ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။
အ​သင်း​တော်​တွင်း​ကွဲ​ပြား​ခြင်း
10ညီ​အစ်​ကို​တို့၊ သင်​တို့​ရှိ​သ​မျှ​သည် စ​ကား​တ​ညီ​တ​ညွတ်​တည်း​ဖြစ်၍ အ​ချင်း​ချင်း​မ​ကွဲ​ပြား​ဘဲ စိတ်​သ​ဘော​တစ်​သံ တစ်​သ​မတ်​တည်း ရှိ​သည်​နှင့် စေ့​စပ်​စုံ​လင်​ကြ​မည်​အ​ကြောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ သင်​တို့​ကို ငါ​နှိုး​ဆော်​တောင်း​ပန်​ပါ၏။- 11အ​ကြောင်း​မူ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ချင်း​ချင်း​မ​သင့်၊ ရန်​တွေ့​ခြင်း​ရှိ​သည်​ကို၊ ခ​လော​ဣ အိမ်​သား​အ​ချို့​တို့​သည် ပြော​ကြ၏။- 12သင်​တို့​က၊ ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်၏။ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်၏။ ငါ​သည် ကေ​ဖ​တ​ပည့်​ဖြစ်၏။ ငါ​သည် ခ​ရစ်​တော်​တ​ပည့်​ဖြစ်၏​ဟု အ​သီး​အ​သီး ပြော​ကြ​သော​ကြောင့် ငါ​ဆို​ရ၏။-#တ၊ ၁၈:၂၄။ 13ခ​ရစ်​တော်​သည် ကွဲ​ပြား​သ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ​လော။ သို့​မ​ဟုတ် သင်​တို့​သည် ပေါ​လု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ​ပြီ​လော။- 14က​ရိ​ပ္ပု​နှင့် ဂါ​ယု​မှ​တစ်​ပါး၊ သင်​တို့​တွင် အ​ဘယ်​သူ​အား​မျှ ဗ​တ္တိ​ဇံ​ကို ငါ​မ​ပေး​သည်​ဖြစ်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ရှိ​ပါ၏။-#တ၊ ၁၈:၈၊ ၁၉:၂၉။ ရော၊ ၁၆:၂၃ 15သို့​ဖြစ်၍ ပေါ​လု​သည် မိ​မိ​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ပေး​သည်​ဟု အ​ဘယ်​သူ​မျှ ဆို​စ​ရာ​အ​ကြောင်း​မ​ရှိ။- 16သ​တေ​ဖန်၏ အိမ်​သူ​အိမ်​သား​တို့​အား​လည်း ဗ​တ္တိ​ဇံ​ကို ပေး​ပြီ။ ထို​မှ​တစ်​ပါး အ​ခြား​သော​သူ​အား ဗ​တ္တိ​ဇံ​ပေး​သည်​ကို ငါ​မ​မှတ်​မိ။#၁​ကော၊ ၁၆:၁၅။
17ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ၏။ သို့​သော်​လည်း၊ ခ​ရစ်​တော်၏​လက်​ဝါး​ကပ်​တိုင်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ နှုတ်​ပ​ညာ​ကို အ​ခွင့်​မ​ပေး​ဘဲ နေ​တော်​မူ၏။
ဘု​ရား​သ​ခင်​၏​တန်​ခိုး​နှင့်​ပညာဖြစ်​သောခ​ရစ်​တော်
18အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။- 19ကျမ်း​စာ​လာ​သည်​ကား၊ ပ​ညာ​ရှိ​တို့၏ ပ​ညာ​ကို ငါ​ဖျက်​ဆီး​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​ကို​လည်း ငါ​ပယ်​မည်​ဟု လာ​သ​တည်း။-#ဟေ​ရှာ၊ ၂၉:၁၄။ 20ပ​ညာ​ရှိ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ကျမ်း​ပြု​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ပြဿ​နာ၌ လေ့​ကျက်​သော​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ လော​ကီ​ပ​ညာ​ကို ဘု​ရား​သ​ခင်​သည် မိုက်​စေ​တော်​မူ​သည် မ​ဟုတ်​လော။-#ယော​ဘ၊ ၁၂:၁၇။ ဟေ​ရှာ၊ ၁၉:၁၂၊ ၃၃:၁၈၊ ၄၄:၂၅။ 21အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ ပ​ညာ​တော်​စီ​ရင်​သည်​နှင့်​အ​ညီ၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​ပ​ညာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို မ​သိ​ဘဲ​နေ​ကြ​သော​အ​ခါ၊ ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သော​သူ​တို့​ကို ဒေ​သ​နာ​တော် မိုက်​မဲ​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ငှာ စေ​တ​နာ​ရှိ​တော်​မူ၏။- 22ယု​ဒ​လူ​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​တတ်​ကြ၏။ ဟေ​လ​သ​လူ​တို့​သည် ပ​ညာ​ကို ရှာ​တတ်​ကြ၏။- 23ငါ​တို့​မူ​ကား၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ခ​ရစ်​တော်၏ အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ဖြစ်၏။ တစ်​ပါး​အ​မျိုး​သား၌​ကား၊ မိုက်​မဲ​ခြင်း​ဖြစ်၏။- 24သို့​သော်​လည်း၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ခေါ်​တော်​မူ​သော​သူ​တို့၌ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်၏​ပ​ညာ​တော်​တည်း​ဟူ​သော ခ​ရစ်​တော်၏ တ​ရား​ဖြစ်၏။- 25ဘု​ရား​သ​ခင်၏ မိုက်​မဲ​ခြင်း​အ​ရာ​သည် လူ​တို့၏ ပ​ညာ​ထက်​သာ၍ ပ​ညာ​ရှိ၏။ ဘု​ရား​သ​ခင်၏ အား​နည်း​ခြင်း​အ​ရာ​သည် လူ​တို့၏ အ​စွမ်း​ထက်​သာ၍ အ​စွမ်း​ရှိ၏။
26ညီ​အစ်​ကို​တို့၊ သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း အ​ကြောင်း​အ​ရာ​ကို ဆင်​ခြင်​ကြ​လော့။ ခေါ်​တော်​မူ​သော​သူ​တို့​တွင် လော​ကီ​ပ​ညာ​ရှိ အ​များ​မ​ပါ။ ထင်​ရှား​သော လူ​ကြီး​အ​များ​မ​ပါ။ မင်း​အ​မျိုး​အ​နွယ်​ဖြစ်​သော​သူ အ​များ​မ​ပါ။- 27ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ အား​နည်း​သော သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။- 28မြတ်​သော​သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ လော​ကီ​အ​ရာ၌ ဆင်း​ရဲ​သော​သူ၊ မ​ရေ​ရာ​သော​သူ၊ ယုတ်​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။- 29ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ရှေ့၌ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။- 30ထို​ဘု​ရား​သ​ခင်​အား​ဖြင့် သင်​တို့​သည် ယေ​ရှု​ခ​ရစ်၌ တည်​နေ​ကြ၏။ ထို​သ​ခင်​မူ​ကား၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့၌ ပ​ညာ​မှ​စ၍ ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း၊ ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ၏။- 31သို့​ဖြစ်၍၊ ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဝါ​ကြွား​သော​သူ​မည်​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၌​သာ ဝါ​ကြွား​စေ။#ယေ၊ ၉:၂၄။

လက်ရှိရွေးချယ်ထားမှု

၁ ကောရိန္သု 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ