YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 3:1-10

၁ ရာဇဝင်ချုပ် 3:1-10 JBMLE

ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့​တွင် သား​ဦး​ကား၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​တွင်​မြင်​သော​သား အာ​မ​နုန်​တည်း။ ဒု​တိ​ယ​သား​ကား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တွင် မြင်​သော​သား ဒံ​ယေ​လ​တည်း။ တ​တိ​ယ​သား​ကား၊ ဂေ​ရှု​ရ​ရှင်​ဘု​ရင် တာ​လ​မဲ​သ​မီး​မာ​ခါ၏​သား အ​ဗ​ရှ​လုံ​တည်း။ စ​တု​တ္ထ​သား​ကား၊ ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​တည်း။ ပ​ဥ္စ​မ​သား​ကား၊ အ​ဘိ​တ​လ၏​သား ရှေ​ဖ​တိ​တည်း။ ဆ​ဋ္ဌ​မ​သား​ကား၊ မြောက်​သား​တော် ဧ​ဂ​လ​တွင်​မြင်​သော​သား ဣ​သ​ရံ​တည်း။ ထို​သား​ခြောက်​ယောက်​တို့​ကို ဟေ​ဗြုန်​မြို့၌ မြင်၏။ ထို​မြို့​တွင် ခု​နစ်​နှစ်​နှင့် ခြောက်​လ မင်း​ပြု၏။ ယေ​ရု​ရှ​လင်​မြို့​တွင် အ​နှစ်​သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၏။ ယေ​ရု​ရှ​လင်​မြို့၌ မြင်​သော​သား​ဟူ​မူ​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်​တည်း​ဟူ​သော အ​မျေ​လ​သ​မီး ဗာ​သ​ရှေ​ဘ​တွင် မြင်​သော​သား လေး​ယောက်။ ထို​မှ​တစ်​ပါး၊ ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊ နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်၊ ပေါင်း​ကိုး​ယောက်​တည်း။ ဤ​ရွေ့​ကား မ​ယား​ငယ်​တွင် ရ​သော​သား​တို့​ကို​မ​ဆို​ဘဲ ဒါ​ဝိဒ်၏​သား​များ​တည်း။ နှ​မ​တာ​မာ​လည်း​ရှိ၏။ ရှော​လ​မုန်​သား​ကား ရော​ဗောင်၊ ရော​ဗောင်​သား အ​ဘိ​ယ၊ အ​ဘိ​ယ​သား ယော​ရှ​ဖတ်၊