YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 21:18-27

၁ ရာဇဝင်ချုပ် 21:18-27 JBMLE

ထို​အ​ခါ ဒါ​ဝိဒ်​သည် သွား၍၊ ယေ​ဗု​သိ​လူ အ​ရော​န၏ ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​စေ​ခြင်း​ငှာ ပြော​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဂဒ်​ကို​မှာ​ထား​သ​ဖြင့်၊ ဂဒ်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း ဒါ​ဝိဒ်​သည် သွား​လေ၏။ အ​ရော​န​သည် စ​ပါး​ကို​နယ်​စဉ်​တွင်၊ လှည့်​ကြည့်၍ ရှင်​ဘု​ရင်​ကို မြင်​သော​အ​ခါ၊ သား​လေး​ယောက်​နှင့် တ​ကွ ပုန်း​ရှောင်၍​နေ၏။ ဒါ​ဝိဒ်​သည် အ​ရော​န​ရှိ​ရာ​သို့ ရောက်​သော​အ​ခါ၊ အ​ရော​န​ကြည့်၍ ဒါ​ဝိဒ်​ကို​မြင်​လျှင်၊ ကောက်​နယ်​တ​လင်း​မှ​ဆင်း၍ ဒါ​ဝိဒ်​ရှေ့​မှာ ဦး​ချ​ပျပ်​ဝပ်​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို ငါ​တည်​လို​သည်​ဖြစ်၍၊ ဤ​ကောက်​နယ်​တ​လင်း​အ​ရပ်​ကို အ​ဖိုး​ထိုက်​သည်​အ​တိုင်း ရောင်း​ပါ​ဟု အ​မိန့်​ရှိ​သော်၊ အ​ရော​န​က၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး ယူ​တော်​မူ​ပါ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။ မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​များ၊ ထင်း​ဖို့ ကောက်​နယ်​တန်​ဆာ​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဂျုံ​စ​ပါး​များ​အ​လုံး​စုံ​ကို ကျွန်​တော်​ဆက်​ပါ၏​ဟု ဒါ​ဝိဒ်​အား​လျှောက်​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး​က၊ ထို​သို့​ငါ​မ​ယူ​ရ။ စင်​စစ် အ​ဖိုး​ထိုက်​သည်​အ​တိုင်း ပေး၍ ငါ​ဝယ်​မည်။ သင့်​ဥ​စ္စာ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငါ​မ​သိမ်း။ ကိုယ်​ငွေ​မ​ကုန်​ဘဲ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​လို​ဟု အ​ရော​န​အား​ဆို​သ​ဖြင့်၊ ရွှေ​ခြောက်​ပိဿာ​ကို ချိန်​ပေး၍ ထို​အ​ရပ်​ကို​ဝယ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​သို့ မီး​ကျ​သ​ဖြင့် ကောင်း​ကင်​ထဲ​က ထူး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဓား​ကို ဓား​အိမ်၌​သွင်း​ထား​ပြန်၏။