တပည့်တော်တို့စားကြပြီးနောက် ရှိမုန်ပေတရုအားယေရှုက ယောဟန်၏သားရှိမုန်၊ ဤသူတို့ထက် သင်သည်ငါ့ကိုမြတ်နိုးသလောဟုမေးတော်မူသော် ပေတရုက မှန်ပါသည်အရှင်ဘုရား၊ ကိုယ်တော်ကိုချစ်ခင်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟုလျှောက်ရာ၊ ငါ့သိုးသားငယ်တို့ကိုကျွေးမွေးလော့ဟု မိန့်တော်မူ၏။ ထိုနောက်ဒုတိယအကြိမ် ယောဟန်၏သားရှိမုန်၊ ငါ့ကိုမြတ်နိုးသလောဟုမေးတော်မူသော် ပေတရုက မှန်ပါသည်အရှင်ဘုရား၊ ကိုယ်တော်ကိုချစ်ခင်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟုလျှောက်ရာ ငါ့သိုးတို့ကိုထိန်းကျောင်းလော့ဟုမိန့်တော်မူ၏။ တစ်ဖန်တတိယအကြိမ် ယောဟန်၏သားရှိမုန်၊ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသော် တတိယအကြိမ်၌ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသောကြောင့် ပေတရုသည်ဝမ်းနည်းလျက် အရှင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းကိုသိတော်မူသည်နှင့်အညီ ကိုယ်တော်ကိုတပည့်တော်ချစ်ခင်ကြောင်း သိမြင်တော်မူပါသည် ဟုလျှောက်ရာ ယေရှုက ငါ့သိုးတို့ကိုကျွေးမွေးလော့။
ရှင်ယောဟန် 21 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 21:15-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို