YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရုသဝတ္ထု 2:14-20

ရုသဝတ္ထု 2:14-20 MSBU

စားသောက်​ချိန်​ရောက်​သောအခါ ဗောဇ​က ရုသ​အား “​မုန့် လာ​စား​ပါ​။ မုန့်​ကို ဝိုင်အချဉ်ရည်​နှင့် တို့စား​ပါ​”​ဟု ဆို​သဖြင့် သူ​သည် ကောက်ရိတ်သမား​တို့​ထိုင်​သော​ဘေး​တွင် ဝင်ထိုင်​၏​။ ထိုအခါ ဗောဇ​က သူ့​အား မုန့်ဆန်း​ကို​လှမ်းပေး​သဖြင့် သူ​သည် ဝ​အောင်​စား​ပြီး ကျန်​သော​မုန့်​ကို သိမ်းထား​၏​။ ထို့နောက် သူ​သည် ကောက်သင်းကောက်​ရန် ထသွား​သောအခါ ဗောဇ​က ငယ်သား​တို့​အား “​သူ​သည် ကောက်လှိုင်း​များ​ကြား​၌​ကောက်ယူ​လျှင်​လည်း သူ့​ကို အပြစ်​မ​ပြော​ကြ​နှင့်​။ သင်​တို့​ရိတ်​ထား​သော​ကောက်ဆုပ်​ထဲမှ ကောက်နှံ​အချို့​ကို ချထား​ခဲ့​ပါ​။ သူ​ကောက်ယူ​ပါစေ​။ သူ့​ကို အပြစ်​မ​ပြော​ကြ​နှင့်​”​ဟု မှာထား​လေ​၏​။ ရုသ​လည်း ညနေ​တိုင်အောင် လယ်​ထဲ၌​ကောက်သင်းကောက်​ပြီး ကောက်​ထား​သော​ကောက်နှံ​ကို ရိုက်ခြွေ​သောအခါ မုယောစပါး​တစ်​ဧဖာ​ခန့် ရ​၏​။ သူ​သည် မြို့​သို့​ပြန်သွား​၍ ကောက်သင်းကောက်​ရာ​မှ​ရ​ခဲ့​သော​ထို​မုယောစပါး​ကို ယောက္ခမ​အား ပြ​၏​။ ထို့ပြင် သူ​ဝ​အောင်​စား​ပြီးမှ ကျန်​သေး​သော​မုန့်​ကို​လည်း ယောက္ခမ​အား ပေး​၏​။ သူ့​ယောက္ခမ​က​လည်း “​ယနေ့ သင် အဘယ်မှာ​ကောက်သင်းကောက်​ခဲ့​သနည်း​။ အဘယ်မှာ အလုပ်​လုပ်​ခဲ့​သနည်း​။ သင့်​ကို ခွင့်ပြု​သော​သူ​သည် မင်္ဂလာ​ရှိ​ပါစေသော​”​ဟု ဆို​လျှင် သူ​က “​ယနေ့ အကျွန်ုပ် အလုပ်​လုပ်​ခဲ့​သော​လယ်ကွက်​ပိုင်ရှင်​၏​နာမည်​မှာ ဗောဇ ဖြစ်​၏​”​ဟု ဆို​ပြီး သူ​အလုပ်​လုပ်​ခဲ့​သော​လယ်ကွက်​ပိုင်ရှင်​အကြောင်း​ကို သူ့​ယောက္ခမ​အား ပြောပြ​၏​။ ထိုအခါ နောမိ​က သူ့​ချွေးမ​အား “​အသက်ရှင်​သော​သူ​၊ သေ​သော​သူ​တို့​ကို မေတ္တာကရုဏာ​အစဉ်​ထား​တော်မူ​သော ထာဝရဘုရား​သည် သူ့​ကို ကောင်းချီးပေး​ပါစေသော​။ သူ​သည် ငါ​တို့​နှင့် ဆွေးမျိုးနီးစပ်​သူ​၊ ငါ​တို့​ကို ရွေးနုတ်​ခွင့်​ရှိ​သူ ဖြစ်​၏​”​ဟု ဆို​၏​။