အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိနှင့်ပတ်သက်၍ သိအပ်သောအရာတို့ကို သူတို့အားထင်ရှားစေတော်မူပြီဖြစ်၍ ထိုအရာတို့သည် သူတို့၌ ထင်ရှားလျက်ရှိ၏။ တစ်နည်းအားဖြင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မူချိန်မှစ၍ ဘုရားသခင်၏မမြင်ရသောဂုဏ်အင်္ဂါများတည်းဟူသော ကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်တော်မူခြင်းတို့သည် ဖန်ဆင်းတော်မူသောအရာများအားဖြင့် ရှင်းလင်းစွာသိနိုင်သည်ဖြစ်၍ သူတို့သည် ဆင်ခြေပေး၍မရနိုင်ကြ။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုသိလျက်နှင့်ပင် ဘုရားအဖြစ်ဘုန်းတော်ကိုမချီးမွမ်း၊ ကျေးဇူးလည်းမတင်ကြပေ။ သူတို့၏တွေးတောကြံစည်မှုများသည် အချည်းနှီးဖြစ်သွား၍ သူတို့၏အသိတရားကင်းမဲ့သောစိတ်နှလုံးကိုလည်း အမှောင်ဖုံးလွှမ်းလေ၏။ သူတို့သည် မိမိတို့ကိုယ်ကိုပညာရှိများဖြစ်သည်ဟုဆိုလျက်နှင့် မိုက်မဲသောသူများဖြစ်လာကြပြီး ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။ သူတို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့်လဲလှယ်၍ ဖန်ဆင်းတော်မူသောအရှင်အစား ဖန်ဆင်းတော်မူသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသောအရှင်သည် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူ၏။ အာမင်။
ရောမဩဝါဒစာ 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမဩဝါဒစာ 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမဩဝါဒစာ 1:19-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို