YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 3:14-18

ဗျာဒိတ်ကျမ်း 3:14-18 MSBU

လောဒိကိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အာမင်​ဖြစ်​သော​သူ၊ သစ္စာ​ရှိ​သည့် ဖြောင့်မှန်​သော​သက်သေ၊ ဘုရားသခင်​၏​ဖန်ဆင်း​တော်မူ​ခြင်း​တွင် အစအဦး​ဖြစ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အအေး​လည်း​မ​ဟုတ်၊ အပူ​လည်း​မ​ဟုတ်။ ငါ​သည် သင့်​အား အအေး​၊ သို့မဟုတ် အပူ​တစ်ခုခု​ဖြစ်​စေ​လို​၏။ သင်​သည် ဤသို့ အပူ​လည်း​မ​ဟုတ်၊ အအေး​လည်း​မ​ဟုတ်၊ မ​ပူ​မ​အေး​ဖြစ်​နေ​သောကြောင့် သင့်​ကို ငါ့​ခံတွင်း​ထဲမှ ထွေးထုတ်​တော့မည်။ သင်​က ‘ငါ​သည် ချမ်းသာ​၍​ကြွယ်ဝ​သောကြောင့် မည်သည့်​လိုအပ်​ချက်​မျှ​မ​ရှိ’ဟု ဆို​နေ​၏။ သို့သော် သင်​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ၊ သနား​စရာ​ကောင်း​သော​သူ၊ ဆင်းရဲ​သော​သူ၊ မျက်စိ​မ​မြင်​သော​သူ​နှင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​သော​သူ​ဖြစ်​ကြောင်း​ကို သင်​မ​သိ။ သင်​သည် ချမ်းသာ​လာ​စေရန် မီး​ဖြင့်​ချွတ်​၍​သန့်စင်​ထား​သော​ရွှေ​ကို​လည်းကောင်း၊ သင်​၏​အဝတ်​အချည်းစည်း​ဖြစ်​ခြင်း​အရှက်​ကို​မ​ပေါ်​စေရန် သင်​ဝတ်​ဖို့ ဖြူ​သော​ဝတ်ရုံ​ကို​လည်းကောင်း၊ သင်​၏​မျက်စိ​ပြန်​မြင်​စေရန် မျက်စိ​ခတ်​ဖို့ မျက်စဉ်း​ကို​လည်းကောင်း ငါ့​ထံမှ​ဝယ်ယူ​ရန် သင့်​အား ငါ​အကြံပေး​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။