YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 2:20-26

ဗျာဒိတ်ကျမ်း 2:20-26 MSBU

သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိကိုယ်ကို​ပရောဖက်မ​ဟု​ခေါ်​သော ထို​မိန်းမ​ယေဇဗေလ​ကို ပြု​လို​ရာ​ပြု​ခွင့်ပေး​ထား​သဖြင့် သူ​သည် ငါ​၏​အစေအပါး​တို့​အား တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​နှင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန် သွန်သင်​လျက် သူ​တို့​ကို​လှည့်ဖြား​နေ​၏။ ငါ​သည် သူ့​အား နောင်တရ​ရန်​အချိန်​ပေး​ခဲ့​သော်လည်း သူ​သည် မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အတွက် နောင်တရ​လို​သော​စိတ်​မ​ရှိ။ ကြည့်ရှု​လော့။ ငါ​သည် သူ့​ကို အိပ်ရာ​ပေါ်တွင်​လဲ​စေ​မည်။ သူ​နှင့်​အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သော​သူ​တို့​ကို​လည်း မိမိ​ပြု​သော​အမှု​များ​အတွက်​နောင်တ​မ​ရ​ပါက ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​သို့​ရောက်​စေ​မည်။ သူ​၏​သားသမီး​တို့​ကို​လည်း သေ​ဘေး​ဖြင့် ငါ​အဆုံး​စီရင်​မည်။ ထိုအခါ ငါ​သည် စိတ်နှလုံး​နှင့် အတွင်း​သဘော​ကို စူးစမ်း​သော​သူ​ဖြစ်​ကြောင်း အသင်းတော်​အားလုံး​သိ​ရ​ကြ​လိမ့်မည်။ သင်​တို့​အသီးသီး​ကို​လည်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ အကျိုး​အပြစ်​ကို ငါ​ပေး​မည်။ သို့သော် ထို​မိန်းမ​၏​အယူဝါဒ​ကို​မ​ခံယူ၊ စာတန်​၏​နက်နဲ​သော​အရာ​ဟု သူ​တို့​ခေါ်ဝေါ်​သော​အရာ​များ​ကို​မ​သိ​သော သွာတိရ​မြို့​မှ ကျန်ရှိ​သူ​အပေါင်း​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အပေါ်၌ အခြား​သော​ဝန်ထုပ်ဝန်ပိုး​ကို ငါ​မ​တင်။ သင်​တို့​၌​ရှိ​သော​အရာ​ကို​သာ ငါ​ကြွလာ​သည့်​တိုင်အောင် စွဲကိုင်​ထား​ကြ​လော့။ အောင်မြင်​သော​သူ​နှင့် ငါ​၏​အမှု​ကို အဆုံး​တိုင်အောင်​စောင့်ထိန်း​သော​သူ​အား လူမျိုး​တကာ​တို့​ကို​အုပ်စိုး​ရ​သော​အခွင့်​ကို ငါ​ပေး​မည်​။