YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 2:2-4

ဗျာဒိတ်ကျမ်း 2:2-4 MSBU

သင်​၏​လုပ်ဆောင်​မှု​များ​မှစ၍ သင်​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့် သည်းခံ​မှု​တို့​ကိုငါ​သိ​၏။ သင်​သည် ဆိုးယုတ်​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​နှင့် မိမိတို့ကိုယ်ကို တမန်တော်​ဟု​ခေါ်ဆို​ကြ​သော်လည်း တမန်တော်​မ​ဟုတ်​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​၍ သူ​တို့​သည် လိမ်လည်​သော​သူ​များ​ဖြစ်​ကြ​သည်​ဟု သင်​တွေ့ရှိ​ကြောင်း​ကို​လည်း ငါ​သိ​၏။ သင်​သည် သည်းခံ​ခြင်း​ရှိ​လျက် ငါ​၏​နာမ​အတွက် အပင်ပန်း​ခံ​၍ အားလျော့​ခြင်း​မ​ရှိ​ခဲ့​ချေ။ သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိ​၏​ကနဦး​မေတ္တာ​ကို​စွန့်ခွာ​ခဲ့​ပြီ။