YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 10:5-11

ဗျာဒိတ်ကျမ်း 10:5-11 MSBU

ထိုအခါ ပင်လယ်​နှင့်​ကုန်းမြေ​ပေါ်တွင်​ရပ်​နေ​သည်​ကို ငါ​မြင်​ရ​သော​ကောင်းကင်​တမန်​က မိမိ​၏​လက်ယာ​လက်​ကို ကောင်းကင်​သို့​မြှောက်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​ပြီး ကောင်းကင်​နှင့် ကောင်းကင်​၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း၊ မြေကြီး​နှင့် မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း၊ ပင်လယ်​နှင့် ပင်လယ်​၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း ဖန်ဆင်း​တော်မူ​သော​အရှင်​ကို တိုင်တည်​၍ “အချိန်​ကာလ​ကြာညောင်း​တော့​မည်​မ​ဟုတ်။ သတ္တမ​ကောင်းကင်​တမန်​မှုတ်​ရ​မည့် တံပိုးခရာ​မှုတ်​သံ​မြည်​သော​နေ့ရက်​ကာလ​၌ ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် မိမိ​အစေအပါး​ပရောဖက်​တို့​အား ပြောကြား​ခဲ့​သည့်​အတိုင်း ပြည့်စုံ​ခြင်း​သို့​ရောက်​လိမ့်မည်”​ဟု ဆို​၏။ ထို့နောက် ငါ​ကြား​ခဲ့​ရ​သော​ကောင်းကင်​မှ​အသံ​က “ပင်လယ်​နှင့်​ကုန်းမြေ​ပေါ်တွင်​ရပ်​နေ​သော ကောင်းကင်​တမန်​၏​လက်​၌​ရှိ​သည့် ဖွင့်​ထား​သော​စာလိပ်​ကို သွား​၍​ယူ​လော့”​ဟု ငါ့​အား တစ်ဖန် မြွက်ဆို​လေ​၏။ ထို့ကြောင့် ငါ​သည် ထို​ကောင်းကင်​တမန်​ထံသို့​သွား​၍ စာလိပ်​ငယ်​ကို ငါ့​အား​ပေး​ရန် တောင်းခံ​သောအခါ သူ​က “စာလိပ်​ကို​ယူ​၍ စား​လိုက်​လော့။ ၎င်း​သည် သင်​၏​ဝမ်း​ထဲ၌​ခါး​သော်လည်း သင်​၏​ခံတွင်း​၌ ပျားရည်​ကဲ့သို့​ချို​လိမ့်မည်”​ဟု ငါ့​အား​မြွက်ဆို​၏။ ငါ​သည်​လည်း ကောင်းကင်​တမန်​၏​လက်​မှ စာလိပ်​ငယ်​ကို​ယူ​၍ စား​လိုက်​ရာ ၎င်း​သည် ငါ​၏​ခံတွင်း​၌ ပျားရည်​ကဲ့သို့​ချို​သော်လည်း စား​ပြီး​နောက် ငါ​၏​ဝမ်း​ထဲ၌​ခါး​လေ​၏။ ထိုအခါ “သင်​သည် များစွာ​သော​လူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာ​စကား၊ ရှင်ဘုရင်​များ​နှင့်​ပတ်သက်၍ ထပ်မံ ပရောဖက်ပြု​ဟောပြော​ရ​မည်”​ဟူ​သော​အမိန့်​ကို ငါ​ခံရ​၏။