YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 78:5-8

ဆာလံကျမ်း 78:5-8 MSBU

အကြောင်းမူကား ကိုယ်တော်​သည် သက်သေခံချက်​ကို ယာကုပ်​၌​တည်​စေ​၍ တရားတော်​ကို အစ္စရေး​၌​ထား​တော်မူ​၏​။ ၎င်း​တို့​ကို သားသမီး​များ​အား​သင်ကြား​ပေး​ရန် ငါ​တို့​၏​ဘိုးဘေး​တို့​ကို မိန့်မှာ​တော်မူ​၏​။ ဤသည်ကား လာမည့်​မျိုးဆက်​တည်းဟူသော နောင်​မွေးဖွား​လာ​မည့်​သားသမီး​တို့​သည် ထို​အရာ​တို့​ကို​သိမှတ်​၍ သူ​တို့​၏​သားသမီး​များ​ကို လက်ဆင့်ကမ်း​ပြောပြ​နိုင်​ရန်​ဖြစ်​၏​။ ထိုအခါ သူ​တို့​သည် ဘုရားသခင်​ကို ယုံကြည်အားထား​၍ ဘုရားသခင်​၏ လုပ်ဆောင်​တော်မူ​ချက်​တို့​ကို​မ​မေ့လျော့​ဘဲ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​ကြ​လိမ့်မည်​။ ထိုသို့​အားဖြင့် သူ​တို့​သည် သူ​တို့​၏​ဘိုးဘေး​များ​ကဲ့သို့ ဖြစ်​ကြ​တော့​မည်​မ​ဟုတ်​။ ထို​ဘိုးဘေး​တို့​သည် ခေါင်းမာ​၍ ပုန်ကန်​တတ်​သည့်​မျိုးဆက်​၊ သူ​တို့​၏​စိတ်နှလုံး​တည်ကြည်​ခြင်း​မ​ရှိ​သကဲ့သို့ သူ​တို့​၏​ဝိညာဉ်​သည်​လည်း ဘုရားသခင်​အပေါ် သစ္စာ​မ​ရှိ​သော​မျိုးဆက်​ဖြစ်​ကြ​၏​။