YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 77:1-6

ဆာလံကျမ်း 77:1-6 MSBU

ငါ​သည် ဘုရားသခင်​ထံသို့ အသံ​ကို​လွှင့်​၍ အော်ဟစ်​တောင်းလျှောက်​၏​။ ဘုရားသခင်​ထံသို့ အသံ​ကို​လွှင့်​သောအခါ ကိုယ်တော်​သည် ငါ့​ကို စူးစိုက်​နားထောင်​တော်မူ​၏​။ ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ဘုရားရှင်​ကို​ငါ​ရှာ​၏​။ ညအချိန်​၌ ငါ​၏​လက်​တို့​ကို လက်ပန်း​မ​ကျ​စေ​ဘဲ ဆန့်တန်း​၏​။ ငါ​၏​စိတ်ဝိညာဉ်​သည် နှစ်သိမ့်ပေး​ခြင်း​ကို ငြင်းပယ်​၏​။ ငါ​သည် ဘုရားသခင်​ကို​အောက်မေ့​၍ မငြိမ်မသက်​ဖြစ်​၏​။ ငါ​တွေးတောဆင်ခြင်​သောအခါ ငါ​၏​စိတ်ဝိညာဉ်​သည် ညှိုးငယ်​၏​။ (​စေလာ ) ကိုယ်တော်​သည် အကျွန်ုပ်​၏​မျက်ခွံ​ကို မ​ပိတ်​နိုင်​အောင်​ကိုင်ထား​တော်မူ​၏​။ အကျွန်ုပ်​သည် မငြိမ်မသက်​ဖြစ်​၍ စကား​ပင်​မ​ပြော​နိုင်​ပါ​။ ငါ​သည် လွန်ခဲ့သော​နေ့ရက်​များ​နှင့် ရှေးယခင်​နှစ်​များ​အကြောင်း​ကို စဉ်းစား​၏​။ ညအခါ​၌ ငါ​၏​တေးသီချင်း​ကို​သတိရ​လျက် ငါ့​စိတ်နှလုံး​ထဲ၌ တွေးတောဆင်ခြင်​၏​။ ငါ​၏​ဝိညာဉ်​သည်​လည်း စူးစမ်း​သုံးသပ်​လျက်​နေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။