YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 63:1-8

ဆာလံကျမ်း 63:1-8 MSBU

အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ကြိုးစား​၍​ရှာ​ပါ​၏​။ ရေ​မ​ရှိ​၊ ခြောက်သွေ့​ကွဲအက်​သော​မြေ​၌ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။ အကျွန်ုပ်​၏​သွေးသား​သည်​လည်း ကိုယ်တော်​ကို​တမ်းတ​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တို့​ကို​တွေ့မြင်​ရ​ရန် ကိုယ်တော်​ကို သန့်ရှင်းရာဌာန​တော်​၌​ဖူးမြော်​ခဲ့​ပါ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အသက်​ထက်​သာ၍​ကောင်းမြတ်​သောကြောင့် အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ကိုယ်တော်​ကို​ထောမနာပြု​ပါ​မည်​။ သို့ဖြစ်၍ အကျွန်ုပ်​အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​၏​လက်​ကို မြှောက်​ပါ​မည်​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​မြိန်ရှက်​သော​အစာ​ကို စား​ရ​သည့်​အလား အားရကျေနပ်​လျက်​ရှိ​ပါ​၏​။ ရွှင်လန်း​စွာ​ကြွေးကြော်​သော​နှုတ်ခမ်း​ဖြင့် အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကျွန်ုပ်​သည် မိမိ​၏​အိပ်ရာ​ပေါ်တွင် ကိုယ်တော်​ကို​သတိရ​သောအခါ ညဥ့်ယံ​တို့​၌ ကိုယ်တော်​အကြောင်း​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင် ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဖက်တွယ်​ထား​ပါ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ထောက်မ​တော်မူ​၏​။