YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 63:1-6

ဆာလံကျမ်း 63:1-6 MSBU

အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ကြိုးစား​၍​ရှာ​ပါ​၏​။ ရေ​မ​ရှိ​၊ ခြောက်သွေ့​ကွဲအက်​သော​မြေ​၌ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။ အကျွန်ုပ်​၏​သွေးသား​သည်​လည်း ကိုယ်တော်​ကို​တမ်းတ​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တို့​ကို​တွေ့မြင်​ရ​ရန် ကိုယ်တော်​ကို သန့်ရှင်းရာဌာန​တော်​၌​ဖူးမြော်​ခဲ့​ပါ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အသက်​ထက်​သာ၍​ကောင်းမြတ်​သောကြောင့် အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ကိုယ်တော်​ကို​ထောမနာပြု​ပါ​မည်​။ သို့ဖြစ်၍ အကျွန်ုပ်​အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​၏​လက်​ကို မြှောက်​ပါ​မည်​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​မြိန်ရှက်​သော​အစာ​ကို စား​ရ​သည့်​အလား အားရကျေနပ်​လျက်​ရှိ​ပါ​၏​။ ရွှင်လန်း​စွာ​ကြွေးကြော်​သော​နှုတ်ခမ်း​ဖြင့် အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကျွန်ုပ်​သည် မိမိ​၏​အိပ်ရာ​ပေါ်တွင် ကိုယ်တော်​ကို​သတိရ​သောအခါ ညဥ့်ယံ​တို့​၌ ကိုယ်တော်​အကြောင်း​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။