YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 34:4-8

ဆာလံကျမ်း 34:4-8 MSBU

ငါ​သည် ထာဝရဘုရား​ကို​ရှာ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​လျက် ငါ​ကြောက်လန့်​သော​အမှု​အားလုံး​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။ ကိုယ်တော်​ကို​စေ့စေ့ကြည့်​သော​သူ​တို့​သည် ထွန်းလင်း​ဝင်းပ​၍ မည်သည့်​အခါ​မျှ မျက်နှာပျက်​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။ အဖိနှိပ်​ခံရ​သော​ဤ​သူ ခေါ်​သောအခါ ထာဝရဘုရား​သည် နားထောင်​၍ သူ​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ့​ကို​ကယ်တင်​တော်မူ​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ပတ်လည်​၌ တပ်ချ​၍ သူ​တို့​ကို​ကယ်မ​ကြ​၏​။ ထာဝရဘုရား​ကောင်းမြတ်​တော်မူ​ကြောင်း မြည်းစမ်း​၍​သိမြင်​ကြ​လော့​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။