YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 31:1-6

ဆာလံကျမ်း 31:1-6 MSBU

အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခိုလှုံ​ပါ​၏​။ အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ဂရုစိုက်​နားထောင်​၍ အကျွန်ုပ်​ကို အလျင်အမြန်​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​အတွက် မှီခို​ရာ​ကျောက်ဆောင်​၊ အကျွန်ုပ်​ကို​ကယ်တင်​သည့် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကျောက်​၊ အကျွန်ုပ်​၏​ရဲတိုက်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို​ပို့ဆောင်​လျက် အကျွန်ုပ်​ကို​လမ်းပြ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏ မှီခို​ရာ​ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​အတွက် လျှို့ဝှက်​စွာ​ထောင်​ထား​သော​ပိုက်ကွန်​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​၏​။ အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့​အပ်နှံ​ပါ​၏​။ သမ္မာတရား​နှင့်​ပြည့်စုံ​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​ပြီ​။ အချည်းနှီး​သော​ရုပ်တု​များ​ကို ဆည်းကပ်​သော​သူ​တို့​ကို အကျွန်ုပ်​မုန်း​ပါ​၏​။ ထာဝရဘုရား​ကို အကျွန်ုပ်​ယုံကြည်ကိုးစား​ပါ​၏​။