YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 22:1-11

ဆာလံကျမ်း 22:1-11 MSBU

အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​ကို​အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း​။ အကျွန်ုပ်​ကို​ကယ်တင်​တော်​မ​မူ​၊ အကျွန်ုပ်​ညည်းတွား​သော​စကား​တို့​ကို​လည်း နားထောင်​တော်​မ​မူ​ဘဲ အဘယ်ကြောင့် ဝေး​စွာ​နေ​တော်မူ​သနည်း​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ နေ့​အချိန်​၌​အကျွန်ုပ်​ခေါ်​သော်လည်း ကိုယ်တော်​သည် ထူး​တော်​မ​မူ​ပါ​။ ညအချိန်​၌​လည်း အကျွန်ုပ်​တွင် ငြိမ်သက်ချမ်းသာမှု​မ​ရှိ​ပါ​။ သို့သော် ကိုယ်တော်​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​၏​ချီးမွမ်း​ခြင်း​၌ စိုးစံ​တော်မူ​၏​။ အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ခဲ့​ကြ​ပါ​၏​။ သူ​တို့​ယုံကြည်ကိုးစား​ကြ​သည့်​အတိုင်း ကိုယ်တော်​သည် သူ​တို့​ကို ကယ်တင်​တော်မူ​ခဲ့​ပါ​၏​။ သူ​တို့​သည် ကိုယ်တော့်​ထံသို့​အော်ဟစ်​၍ လွတ်မြောက်​ရ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ကြ​သဖြင့် အရှက်ကွဲ​ခြင်း​နှင့်​ကင်းလွတ်​ကြ​ပါ​၏​။ အကျွန်ုပ်​မူကား လူ​မ​ဟုတ်​၊ ပိုးကောင်​မျှသာ​ဖြစ်​ပါ​၏​။ လူ​တို့​ကဲ့ရဲ့ပြစ်တင်စရာ​နှင့် လူ​အများ​မထီမဲ့မြင်ပြုစရာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​မြင်​သော​သူ​အားလုံး​သည် အကျွန်ုပ်​ကို​ပြက်ရယ်ပြု​၍ နှုတ်ခမ်း​မဲ့ရွဲ့​ကာ ခေါင်း​ကို​ခါယမ်း​လျက် “​သူ​သည် ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​ခဲ့​၏​။ ကိုယ်တော်​သည် သူ့​ကို​ကယ်တင်​ပါစေ​။ ကိုယ်တော်​သည် သူ့​ကို​နှစ်သက်​တော်မူ​သည်​ဖြစ်၍ သူ့​ကို​ကယ်နုတ်​ပါစေ​”​ဟု ဆို​ကြ​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​ကို အမိ​ဝမ်း​ထဲမှ​ထုတ်ဆောင်​၍ အကျွန်ုပ်​မိခင်​၏​ရင်ခွင်​၌ အကျွန်ုပ်​ကို​ဘေးကင်းလုံခြုံ​စွာ​နေ​စေ​တော်မူ​၏​။ အကျွန်ုပ်​သည် မွေးဖွား​လာ​သည်​နှင့် လက်​တော်​ထဲသို့​ရောက်​ပါ​၏​။ အမိ​ဝမ်း​ထဲ၌​ရှိ​ခဲ့​စဉ်ကပင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား ဆင်းရဲဒုက္ခ​သည် နီးကပ်​လာ​ပါ​ပြီ​။ ကူညီမစ​မည့်​သူ​လည်း​မ​ရှိ​ပါ​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။