YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 140

140
ကယ်တင်တော်မူရန် ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ ဆိုးညစ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။
ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို ကာကွယ်​တော်မူ​ပါ​။
2သူ​တို့​သည် စိတ်နှလုံး​ထဲ၌ မကောင်းမှု​များ​ကို ကြံစည်​လျက်
စစ်ပွဲ​များ​ဖြစ်ပွား​အောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်​တတ်​ကြ​ပါ​၏​။
3သူ​တို့​သည် မိမိ​တို့​လျှာ​ကို မြွေ​၏​လျှာ​ကဲ့သို့ ချွန်ထက်​စေ​တတ်​ကြ​ပါ​၏​။
သူ​တို့​၏​နှုတ်ခမ်း​အောက်​တွင် မြွေဆိုး​၏​အဆိပ်​ရှိ​ပါ​၏​။#ဆာ 5:9၊ ရော 3:13။(​စေလာ#140:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။
အကျွန်ုပ်​ကို​ခြေ​ထိုး​ရန်​ကြံစည်​သည့် ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို​ကာကွယ်​တော်မူ​ပါ​။
5မောက်မာ​သော​သူ​တို့​သည် ကြိုး​များ​ဖြင့် အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။
သူ​တို့​သည် လမ်း​ပေါ်တွင်​ပိုက်ကွန်​ကို​ဖြန့်​ထား​လျက် အကျွန်ုပ်​အတွက် ထောင်ချောက်​များ​ဆင်​ထား​ကြ​ပါ​၏​။(​စေလာ#140:5 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
6“​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင် ဖြစ်​တော်မူ​၏​”​ဟု ထာဝရဘုရား​အား အကျွန်ုပ်​လျှောက်ထား​ပါ​၏​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။
7အကျွန်ုပ်​အတွက် ကယ်တင်​ခြင်း​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော အို ဘုရားရှင်​ထာဝရဘုရား​၊
စစ်တိုက်​ရ​သော​နေ့​တွင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးခေါင်း​ကို အုပ်မိုး​ကွယ်ကာ​ပေး​တော်မူ​၏​။
8အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​တော်​မ​မူ​ပါ​နှင့်​။
သူ​၏​အကြံ​ကို​ထမြောက်​စေ​တော်​မ​မူ​ပါ​နှင့်​။(​စေလာ#140:8 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
9အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​သော​သူ​တို့​သည် မာန်ထောင်​ကြ​ပါ​၏​။
သူ​တို့​၏​နှုတ်ခမ်း​မှ​ထွက်​သော​မကောင်းကျိုး​သည် သူ​တို့​ကို​ဖုံးလွှမ်း​ကြ​ပါစေ​။
10မီးခဲ​များ​သည် သူ​တို့​အပေါ်​သို့​ကျရောက်​ပါစေသော​။
သူ​တို့​သည် မီး​ထဲသို့​လည်းကောင်း​၊ တွင်းနက်​ထဲသို့​လည်းကောင်း ပစ်ချ​ခြင်း​ခံရ​ပါစေသော​။
တစ်ဖန် မ​ထ​ကြ​ပါစေ​နှင့်​။
11သူတစ်ပါး​ကို​အသရေပျက်​အောင် ပြောဆို​သော​သူ​တို့​သည်
မြေကြီး​ပေါ်၌ တည်မြဲ​ခြင်း​မ​ရှိ​ကြ​ပါစေ​နှင့်​။
ဘေးအန္တရာယ်​သည် ရက်စက်ကြမ်းကြုတ်​သော​သူ​ကို လိုက်​၍
နှိမ်နင်း​ဖျက်ဆီး​ပါစေသော​။
12ထာဝရဘုရား​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​၏ အမှုကိစ္စ​ကို ဆောင်ရွက်​ပေး​၍
နွမ်းပါး​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​တော်မူ​ကြောင်း ငါ​သိ​၏​။
13ဖြောင့်မတ်​သော​သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို အမှန်ပင်​ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။
ဖြောင့်မှန်​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နေထိုင်​ရ​ကြ​ပါ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 140: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ