YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 119:97-104

ဆာလံကျမ်း 119:97-104 MSBU

အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို အလွန်​မြတ်နိုး​ပါ​၏​။ ထို​တရားတော်​သည် တစ်နေ့လုံး အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ထက် အကျွန်ုပ်​ကို ပို၍​ဉာဏ်ပညာရှိ​စေ​ပါ​၏​။ အကြောင်းမူကား ထို​ပညတ်တော်​သည် အကျွန်ုပ်​နှင့်အတူ အစဉ်အမြဲ​ရှိ​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဆရာ​အားလုံး​တို့​ထက် ပို၍​ပညာသတိ​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍ အသက်ကြီး​သော​သူ​တို့​ထက် ပို၍​အသိဉာဏ်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို မကောင်း​သော​လမ်း​ရှိသမျှ​တို့​မှ ကင်းဝေး​စေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို သွန်သင်​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​မှ ဖယ်ခွာ​မ​သွား​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အကျွန်ုပ်​၏​လျှာ​၌ ချိုမြ​လှ​ပါ​၏​။ အကျွန်ုပ်​၏​ခံတွင်း​၌ ပျားရည်​ထက် ပို၍​ချိုမြ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​အားဖြင့် အသိဉာဏ်​ကို​ရရှိ​ပါ​၏​။ ထို့ကြောင့် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို အကျွန်ုပ်​မုန်း​ပါ​၏​။