တစ်ဖန် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုဆိုက်ရောက်စေ၍ အစားအစာထောက်ပံ့မှုရှိသမျှကို ဖြတ်တောက်တော်မူ၏။ ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံရသူ ယောသပ်ကို သူတို့ရှေ့မှစေလွှတ်တော်မူ၏။ လူတို့သည် သူ၏ခြေကို ခြေချင်းနှင့်နာကျင်စေကြ၏။ သူ၏လည်ပင်းတွင်လည်း သံလည်ပတ်ကို တပ်ကြ၏။ သူ၏စကားပြည့်စုံခြင်းသို့ရောက်သည်အထိ ထာဝရဘုရား၏မိန့်တော်မူချက်သည် သူ့ကိုစစ်ကြောတော်မူ၏။ ရှင်ဘုရင်သည် လူကိုစေလွှတ်၍ သူ့ကိုလွှတ်ပေး၏။ လူတို့ကိုအုပ်စိုးသူသည် သူ့ကိုချမ်းသာခွင့်ပေး၍ မိမိ၏နန်းတော်တွင် သခင်အဖြစ်လည်းကောင်း၊ မိမိပိုင်ဆိုင်သောအရာရှိသမျှတို့ကို အုပ်စိုးသူအဖြစ်လည်းကောင်း သူ့ကိုခန့်ထား၏။ ထိုသို့ခန့်ထားခြင်းမှာ မိမိ၏အကြီးအကဲတို့ကို သူ၏စိတ်ဆန္ဒအတိုင်း ဆုံးမစေရန်နှင့် မိမိ၏သက်ကြီးဝါကြီးတို့ကို ဉာဏ်ပညာရှိစေရန် အတွက်ဖြစ်၏။ ထို့နောက် အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်သို့ရောက်လာပြီး ယာကုပ်သည် ဟာမပြည်တွင် ဧည့်သည်အဖြစ် တည်းခိုနေထိုင်လေ၏။ ထို့နောက် ကိုယ်တော်သည် မိမိလူမျိုးတော်ကို အလွန်ပွားများစေ၍ သူတို့၏ရန်သူများထက် ပို၍အားကြီးစေတော်မူ၏။
ဆာလံကျမ်း 105 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 105
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 105:16-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ